နေပြည်တော်
ဒီဇင်ဘာ ၈
ရခိုင်ပြည်နယ်
စုံစမ်းစစ်ဆေးရေးကော်မရှင် ပထမအကြိမ်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်ကြည်၊
ဦးထွန်းမြတ်၊ ဒေါက်တာ သက်သက်ဇင်၊ ဒေါက်တာ အောင်ထွန်းသက်၊ ဦးညွန့်ဆွေ၊
ဦးစောသလေးစော၊ ဦးအောင်နိုင်၊ ဒေါက်တာ လှမောင်၊ ဦးသာဉာဏ်၊ အတွင်းရေးမှူး
ဦးဇော်မြင့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက အမှာစကား
ပြောကြားရာတွင် ယခု အစည်းအဝေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့က နိုင်ငံတော် သမ္မတရုံး၏
အမိန့် ကြော်ငြာစာဖြင့် ဖွဲ့စည်းပေးခဲ့သည့် ကော်မရှင်၏ ပထမဆုံး အကြိမ် ကျင်းပသည့်
အစည်းအဝေး ဖြစ်ပါကြောင်း။
မိမိတို့ ကော်မရှင်သည်
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂ ရက်၊ ၁၃ ရက်နေ့များက
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ်
ဖြစ်ပွားရသည့် နောက်ခံ အခြေအနေများနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး
စုံစမ်းစစ်ဆေးရန်နှင့် နောင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေး၊
ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ
ဆောင်ရွက်ခဲ့ခြင်းရှိ မရှိကို စစ်ဆေးသုံး သပ်ပြီး အကြံပြုချက်များ အဖြစ် စုံစမ်း စစ်ဆေးရေး
အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့ အရောက်
တင်ပြရမည် ဖြစ်ပါကြောင်း။
တပ်မတော်နှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းများက အကြမ်းဖက် တိုက်ခိုက်မှုတွင်
ပါဝင်သူများအား စုံစမ်း ဖော်ထုတ် အရေးယူနိုင်ရေး၊ ပါဆုံးသွားသော လက်နက် ခဲယမ်းများအား
ပြန်လည် ရရှိရေးအတွက် နယ်မြေ ရှင်းလင်းမှုများ ဆောင်ရွက်ရာတွင် အကြမ်းဖက် တိုက်ခိုက်သည့်အဖွဲ့များနှင့်
မကြာခဏထိတွေ့မှုများ ဖြစ်ပွားလျက် ရှိပါကြောင်း၊ စတင်ဖြစ်ပွားသည့် အောက်တိုဘာ ၉
ရက်မှ ယနေ့အထိ နောက်ဆုံး အခြေအနေများ အရ ကျဆုံး တပ်မတော်သား ၇ ဦး၊
ကျဆုံးရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒဏ်ရာရ တပ်မတော်သား ၃ ဦး၊ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် ၇ဦး၊
အရပ်သား ၁ ဦး၊ တပ်မတော်မှ လက်နက် ၂ လက်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လက်နက် ၃၉ လက်
ဆုံးရှုံးခဲ့ပါကြောင်း။
ကော်မရှင်အနေဖြင့်
အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ၃ ခု၊ အောက်တိုဘာ ၁၀ ရက်မှ နိုဝင်ဘာ
၉ ရက်နေ့အထိ နောက်ဆက်တွဲ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ၁၂ ခု၊ နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့်
ဖြစ်စဉ် ၃ ခု၊ နိုဝင်ဘာ ၁၃ ရက်နေ့ ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ၂ ခုတို့နှင့် ပတ်သက်၍
ဖြစ်စဉ်နေရာများသို့ သွားရောက်ပြီး ဖြစ်စဉ် အသေးစိတ်ကို မြေပြင်တွင် သွားရောက် စစ်ဆေး
ဖော်ထုတ်၍ အစီရင်ခံစာ ရေးသားကြရမည် ဖြစ်ကြောင်း။ ထို့ကြောင့် ဘူးသီးတောင်၊
မောင်တောဒေသရှိ ဖြစ်စဉ် နေရာများသို့ အမြန်ဆုံး သွားရောက်ရမည် ဖြစ်ကြောင်း။
မိမိတို့ ကော်မရှင်အတွက်
နိုင်ငံတော် သမ္မတရုံးက မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုများ
ဖြစ်ပွားခဲ့သည့် နောက်ခံ အခြေအနေ၊ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် အကြမ်းဖက်
တိုက်ခိုက်ခံရမှု ဖြစ်စဉ်များ၊ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊
ပျက်စီး ဆုံးရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊ ဒေသ တည်ငြိမ် အေးချမ်းရေးနှင့်
တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်များ၊ နယ်မြေ ရှင်းလင်း စိုးမိုးရေး ဆောင်ရွက်ချက်
အပေါ် ပြင်ပမှ စွပ်စွဲချက်များ မှန်ကန်မှုရှိ မရှိ၊ ပြည်သူများ၏ လုံခြုံရေးနှင့်
အခြေခံ အခွင့်အရေးများအား အာမခံ ချက်ပေးနိုင်ရေး၊ ပဋိပက္ခများ ကြိုတင် ကာကွယ်ရေး၊
လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပံ့ပိုးရေး၊ စုံစမ်း စစ်ဆေး တွေ့ရှိချက်များ
အပေါ်အခြေခံ၍ နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်သင့်သည့်
အစီအမံများကို တင်ပြရေးဆိုသည့် အဓိက အချက် ၇ ချက်ကို သတ်မှတ် ပေးထားပါကြောင်း။
ရခိုင်ပြည်နယ်
ဘူးသီးတောင်နှင့် မောင်တော ဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ လူထုနှင့် နိုင်ငံတကာက
စိတ်ဝင်စားစွာ စောင့်ကြည့်လျက် ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကော်မရှင် အနေဖြင့်
တုန့်ပြန်ချက်များကို မြန်မြန် ဆန်ဆန် ဆောင်ရွက်နိုင်မှ ပြည်သူလူထုနှင့်
နိုင်ငံတကာ၏ စိုးရိမ် ပူပန်မှုများကို လျှော့ချ ပေးနိုင်မည် ဖြစ်ပါကြောင်း
ပြောကြားသည်။
ယင်းနောက် ကော်မရှင် အတွင်းရေးမှူး
ဦးဇော်မြင့်ဖေက ကော်မရှင်ဖွဲ့စည်း တာဝန် ပေးအပ်ခြင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို
ရှင်းလင်း တင်ပြသည်။
ကော်မရှင်အဖွဲ့ဝင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ကိုယ်စား ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ်
မျိုးဆွေဝင်းက မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားရသည့် နောက်ခံ
အခြေအနေများ၊ ဖြစ်ပွားရသည့် အကြောင်း အရင်းများနှင့် ဖြစ်စဉ်များကို ရှင်းလင်း
တင်ပြသည်။
ထို့နောက် ကော်မရှင် အဖွဲ့ဝင်များက
မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့သည့်
နောက်ခံ အခြေအနေ၊ ဖြစ်ပွားရသည့် အကြောင်း အရင်းနှင့် အကြမ်းဖက် တိုက်ခိုက်ခံရမှု
ဖြစ်စဉ်များ၊ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ ပျက်စီး ဆုံးရှုံးမှုများနှင့်
အခြား ထိခိုက်မှုများ၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်များ၊
နယ်မြေ ရှင်းလင်း စိုးမိုးရေး ဆောင်ရွက်ချက် အပေါ် ပြင်ပမှ စွပ်စွဲချက်များ
မှန်ကန်မှုရှိ မရှိ၊ ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများအား
အာမခံချက်ပေးနိုင်ရေး၊ ပဋိပက္ခများ ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာ ထောက်ထားမှု
အကူအညီးများ ပံ့ပိုးရေး၊ စုံစမ်း စစ်ဆေး တွေ့ရှိချက်များ အပေါ်အခြေခံ၍ နောင်အလားတူ
ဖြစ်စဉ်မျိုး ထပ်မံမဖြစ် ပွားစေရေး အတွက် ဆောင်ရွက်သင့်သည့် အစီအမံများကို
တင်ပြနိုင်ရေးတို့ အတွက် မိမိတို့ အတွေ့အကြုံများ အပေါ် အခြေခံ၍ အကောင် အထည်ဖော်
ဆောင်ရွက်ရန် နည်းလမ်းများကို ၀ိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယသမ္မတ
ဦးမြင့်ဆွေက ရှင်းလင်း တင်ပြချက်များ အပေါ် ပြန်လည် သုံးသပ် ဆွေးနွေးပြီး
နိဂုံးချုပ် ပြောကြားသည်။

No comments:
Post a Comment