Wednesday, December 14, 2016

မြန်အောင်မြို့နယ် ပညာရေးမိသားစုမှ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ သြဝါဒခံယူုပွဲနှင့်ကလေးတရားပွဲ အ.ထ.က မြန်အောင်တွင်ကျင်းပပြုလုပ်

                              

 မြန်အောင် ၊ ​ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့တွင် ဒီဇင်ဘာ ၁၃ ရက်နေ့က အလှူရှင် “ရှင်သန်’’ ရတနာရွှေဆိုင် မိသားစု၏ ဓမ္မပူဇာပွဲတွင် ညတရားပွဲကျင်းပရန် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ရောက်ရှိ လာရာ နေ့လည်တွင် မြန်အောင်မြို့နယ်ပညာရေးမိသားစုမှ ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ ထံမသြဝါဒခံယူပွဲနှင့်ကလေးတရားပွဲကို အ.ထ.က မြန်အောင်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  

အ.ထ.က မြန်အောင်နှင့်အ.ထ.က နေခြည်တို့မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒက ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီးတို့၏ အပြန်အလှန် ယုံကြည်မှု၊ နေထိုင်ပြောဆိုမှုများနှင့် ကိုယ်ကျင့်တရားကောင်းမွန်သော ကျောင်းသား/သူများ ဖြစ်အောင် မိဘ၊ ဆရာ၊ တိုင်းပြည်က ယုံကြည်အားထား လေးစားရသော သူများဖြစ်အောင် စာရိတ္တမြှင့်တင်ရေး တရားတော်များ၊ ကျောင်းသားဘဝမှစ၍ ငါးပါးသီလလုံခြုံအောင် ထိန်းသိမ်းတတ်စေရန်နှင့် ယုံကြည်မှု ရည်မှန်းချက်များထား၍ စာသင်ကြားပြီး ထူးချွန်ထက်မြက်သော သားကောင်းရတနာများဖြစ်အောင် တရားဓမ္မတို့ဖြင့် ဟောပြောသြဝါဒ ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းဗိုလ်  ပြန်/ဆက် 

No comments:

Post a Comment