စုံစမ်းစစ်ဆေးရေးကော်မရှင်၏
ပထမဆုံးသော လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်
ကျင်းပခဲ့ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက် အပြည့်အစုံ
မှာ အောက်ပါအတိုင်းဖြစ်သည် -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၈၉/၂၀၁၆ ဖြင့်
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ယင်းကော်မရှင်၏ ပထမဦးဆုံးသော လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ
၈ ရက်နေ့တွင် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး
ကျင်းပခဲ့ပါသည်။
မောင်တောဒေသတွင်
တိုက်ခိုက်ခံရခြင်း၏ အကြောင်းရင်းများ၊ သေဆုံးမှု ဒဏ်ရာရရှိမှု
ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊ ဒေသတည် ငြိမ်ရေးနှင့် တရား
ဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ဆောင်မှုအခြေအနေ မှတ်တမ်းတင်ခြင်း၊ နယ်မြေ ရှင်းလင်းရေး
လုပ်ငန်းများ လုပ်ဆောင်မှုအပေါ် စွပ်စွဲချက်များ မှန်ကန်မှု ရှိ/မရှိ၊ လုံခြုံရေးနှင့်
အခြေခံ လူ့အခွင့်အရေးများ အာမခံချက်ပေးနိုင်မှုအနေအထား၊ လူသားချင်းစာနာထောက်ထား
မှုဖြင့် ကူညီပံ့ပိုးရေးအခြေအနေ၊ ပဋိပက္ခ ကာကွယ်တားဆီးရေးနှင့် နောင် အလားတူ
ဖြစ်စဉ်မျိုး မဖြစ်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အကြံပြုချက်များ ပေးအပ်
သွားရေးစသည့် လုပ်ငန်းများအပါအ၀င် ကော်မရှင် က ထမ်းဆောင်ရမည့် တာဝန်များသည်
တိုတောင်းသော အချိန်အတွင်းမှာ ကြီးမားကျယ်ပြန့် မှုရှိသည်ကို
ကော်မရှင်အဖွဲ့ဝင်များက ကောင်းစွာ သတိပြုခံယူထားပါသည်။
ကော်မရှင်
အဖွဲ့ဝင်များသည် အထက်ပါ တာဝန်များကို ထမ်းဆောင်သည့် အခါ မိမိနိုင်ငံနှင့်
နိုင်ငံတကာ စံနှုန်းများနှင့်အညီ မှန်ကန်မျှတစွာနှင့် ပွင့်လင်းမြင်သာစွာ
ထမ်းဆောင်သွားမည်ဖြစ်သည်။ နောက်နောင်တွင် ယခုကဲ့သို့သော အခြေအနေနှင့် ပဋိပက္ခကို
ရှောင်ရှားနိုင်ရန်အတွက် လုပ်ဆောင်သွားရမည့် နည်းလမ်းများ ဖော်ထုတ်ရာ တွင်
စစ်မှန်သော သတင်း အချက်အလက်များ ရရှိရေးအတွက် သက်ဆိုင်သော အမျိုးသား အဆင့်နှင့်
ဒေသန္တရအဆင့်ရှိ အဖွဲ့အစည်းများနှင့် ထိခိုက်ခံစားရသည့် လူ့အသိုက်အ၀န်း များအပါအ၀င်
လူပုဂ္ဂိုလ်များက ပူးပေါင်းပါဝင်ဆောင် ရွက်ကြပါရန် ကော်မရှင်အနေဖြင့်
အားထားမျှော်လင့်ပါသည်။ ထိုသို့ ဆောင် ရွက်ရာတွင် ကော်မရှင်သည်
တာဝန်ခံမှုရှိစွာဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း
သတင်းထုတ်ပြန်အပ်ပါသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်
ရက်စွဲ။ ၂၀၁၆ ခုနှစ်၊
ဒီဇင်ဘာလ ၈ ရက်
No comments:
Post a Comment