Wednesday, December 7, 2016

မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက၊ နိုင်ငံတော်သမ္မတဦးထင်ကျော် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၇
မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက၊ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြသူနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရာသက် ပန်အသင်းဝင်အဖြစ်ဝင်ရောက်ပြီး အလှူငွေ ကျပ် ၁ သိန်း ပေးအပ်လှူဒါန်းသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ  ပုဒ်မ ၄ အရ နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ နာယကဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment