နေပြည်တော် ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်အတွင်း
ကုလသမဂ္ဂနှင့် နိုင်ငံတကာအသင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏
လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့ ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေး
ပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း လူသားချင်းစာနာမှု
အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်
လျက်ရှိသောကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊
လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် မြို့မိမြို့ဖများ
တက်ရောက်ခဲ့သည်။
ပထမဦးစွာ ရခိုင်ပြည်နယ်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ လက်ရှိ ဆောင်ရွက်
ချက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက်အဖွဲ့ဝင်များက ရခိုင်ပြည်နယ် မောင်တောဒေသတွင်
လက်ရှိဖြစ်ပွားနေသော အချိန်ကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခြင်းနှင့်ပတ်သက်၍
လိုအပ်သည်များကို တင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးက
လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးနှင့်လွတ်လပ်မှုကို
မျှတမှုရှိရန် ကြိုးစားညှိနှိုင်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ စည်းစနစ်ကျစွာဆောင်ရွက်ခြင်း၊
ပွင့်လင်းမြင်သာမှုရှိအောင် ဥပဒေနှင့်အညီဆောင်ရွက်ခြင်းနှင့် မျှတစွာဆောင်ရွက်ခြင်းတို့သည်
အလေးထားရမည့်အချက်များ ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးလျက်ရှိသည့်
နိုင်ငံတကာအဖွဲ့အစည်းများသည် နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြား ပဋိပက္ခများ လျော့နည်းစေရန်
လည်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အထောက်အပံ့ပေးမှုတစ်ခု တည်းအပေါ်တွင် တည်မှီနေခြင်း
ထက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးပြီး မိမိကိုယ်တိုင် ရပ်တည်နိုင်အောင်
မိမိတို့အစိုးရအဖွဲ့နှင့် အတူပူးပေါင်း ကူညီဆောင်ရွက်ကြရန် လိုကြောင်း၊ ယခုကဲ့သို့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင်များတွေ့ဆုံခြင်းသည်
ပြသနာရပ်များအပေါ် လက်တွေ့ကျကျဖြေရှင်းခြင်း နည်းလမ်းတစ်ခုဖြစ်ကြောင်းနှင့် ပိုမိုကောင်းမွန်သော
အဖြေများရရှိရန် အတွက် ကောင်းမွန်သောနည်းလမ်းများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် ကြရန်
ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိ သူများလိုက်ပါလျက် ပုဏ္ဏားကျွန်း စက်မှုဇုန်တွင်
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန် စီစဉ်ထားသောလုပ်ငန်းများ အလျင်အမြန်
အကောင် အထည်ဖော်ရေး ကွင်းဆင်းကြည့်ရှုပြီးဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး
တိုးတက်ရေး လုပ်ငန်း ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးတိုင်ပင်ခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည်
စစ်တွေမြို့ ကျားမသောက်ကျေးရွာရှိ ရွှေကျားရခိုင်ရက္ကန်းရုံသို့ ဝင်ရောက် လေ့လာကြည့်ရှုကာ
ဒေသခံများအလုပ်အကိုင်ရရှိရေး လုပ်ငန်းများချဲ့ထွင် လုပ်ကိုင်နိုင်ရေးအတွက် ဝန်ကြီးဌာန၊
ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment