Tuesday, December 13, 2016

မြိုင်မြို့၌ လမ်းမီးများ အသစ်လဲလှယ် တပ်ဆင်ခြင်းများ ဆောင်ရွက်


မြိုင် - ဒီဇင်ဘာ  - ၁၃ 
မကွေးတိုင်းဒေသကြီး၊     ပခုက္ကူခရိုင်- မြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့    ဥက္ကဋ္ဌ ဦးဇော်မိုးနှင့်အဖွဲ့ဝင်များ၊စည်ပင်သာ ယာရေး အမှုဆောင်အရာရှိ ဦးဟန်မြင့်နှင့်ဝန်ထမ်းများသည် မြိုင်မြို့၌ လမ်းမီးများ အသစ်လဲလှယ် တပ်ဆင်ပေးခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၁၀နာရီခွဲက တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

လမ်းမီးများ    အသစ်လဲလှယ်    တပ်ဆင်ပေးခြင်းတွင် မြိုင်- မန္တလေး၊ ပခုက္ကူ၊ ဗဟင်း၊ ကိုင်းတောမလမ်းများ၊  မြို့ပတ်လမ်း ၊ ငှက်ပျောတွင်းလမ်း၊ အမှတ်(၁)ရပ်ကွက် အိုးဘိုရပ်လမ်း နှင့် မြို့နယ် ပြန်/ဆက်လမ်းတို့တွင် ဆောင်ရွက် ခဲ့ကြရာ မီးသီး စုစုပေါင်း (၇၅)လုံး၊ ဖန်ချောင်း   အချောင်း(၂၀)၊ ကြိုး၊ ထောက်၊ ပိုက်၊ စလောင်းနှင့် ဆက်စပ်ပစ္စည်းများ  စုစုပေါင်းတန်ဘိုးငွေ ကျပ်(၁၀)သိန်းကျော်   ကုန်ကျပြီး၊ ပြည်သူများ   ည သွားလာရေးတွင် အလင်းရောင်များ ပိုမို ရရှိ ကြကြောင်း သိရသည်။

အောင်ကျော်မြင့်

No comments:

Post a Comment