ကျောက်ကြီး ဒီဇင်ဘာ
၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုနည်းပညာပေး အခမ်းအနားကို ဒီဇင်ဘာလ (၁၁)ရက်နေ့
နံနက် (၉း၀၀)နာရီတွင် သံဘိုကျေးရွာအုပ်စု ရှမ်းချောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌
ကျင်းပခဲ့ သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစန်းလွင်မှ
အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်မှ အမှာစကားပြောကြားပြီး တိုင်းမြေအသုံးချရေးတာဝန်ခံ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်မြင့်မှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့်ပက်သက်၍
လုပ်ငန်းစဉ်များ၊ ဓါတ်မြေသြဇာနှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည်။
ထို့နောက် တက်ရောက်လာသော တောင်သူများမှ လူထုအခြေပြုလေ့လာမှုနှင့်
ပတ်သက်၍ ပြန်လည်ဆွေးနွေးကာ သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်သန္တာစိုးမှ နည်းပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း
သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်


No comments:
Post a Comment