ငါ့သရောက်
၊ ဒီဇင်ဘာ - ၁၂
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်၊
ငါ့သရောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်
ရပ်ကွက်များမှ ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များ စာပေလေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ
ပေါ်ထွန်းလာစေ ရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန်ရည်ရွယ်၍ စာပေရေချမ်းစင်အိတ်များကို
လူစည်ကားရာ မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများ၊ ကားဂိတ်များ၊ လက်ဖက်ရည်ဆိုင်များနှင့်
ကျေးရွာများတွင် ချိတ်ဆွဲထားရှိပြီး လစဉ်ထုတ် စာပေရေချမ်းစင်စာအုပ်များကို အသစ်၊ အဟောင်းလဲလှယ်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါ စာပေရေချမ်းစင်အိတ်များ
ချိတ်ဆွဲထားရှိရာနေရာများသို့ သွားရောက်၍ ဝန်ထမ်းများက အသစ်ထွက်ရှိသည့် စာပေရေချမ်းစင်စာအုပ်
စာစဉ်အတွဲ(၄)၊ အမှတ်(၁၀) စာအုပ်များ အသစ်လဲလှယ် ဖြည့်ဆည်းခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ငါ့သရောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များ လွယ်လင့်တကူ
စာပေလေ့လာဖတ်ရှုနိုင်ရေးအတွက် ချိတ်ဆွဲထားသည့် စာပေရေချမ်းစင် နေရာများမှာ ငါ့သရောက်မြို့
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆေးရုံ၊ ငါ့သရောက်မန်းကားဂိတ်၊ သဉ္ဇာဦးလက်ဖက်ရည်ဆိုင်၊
ကမ္ဘာကျော် လက်ဖက်ရည်ဆိုင်နှင့် ကျေးရွာများဖြစ်သည့် ခက်လန်းကန်၊ ဈေးမကြီး၊ အောင်သာကျေးရွာနှင့်
ပြာပုံကျေးရွာ စုစု ပေါင်း (၉) နေရာအထိ ချိတ်ဆွဲထားရှိပေးထားကြောင်း သိရပြီး၊ ဝန်ထမ်းများက
ပြည်သူများ စာအုပ်သစ်များ လဲလှယ်ဖတ်ရှုနိုင် ရေးအတွက် ယခု အသစ်ထွက်ရှိသည့် စာစဉ်အတွဲ(၄)၊
အမှတ်(၁၀)စာပေရေချမ်းစင် စာအုပ်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး-ပြန်/ဆက်)

No comments:
Post a Comment