မကွေး
ဒီဇင်ဘာ ၁၃
စိတ်ကူးချိုချို စာအုပ်တိုက်၏ နယ်အရောင်းကိုယ်စားလှယ်အဖွဲ့က
မကွေးတိုင်းဒေသကြီး ခရိုင်ပြန်/ဆက်ရုံးတွင်
စိတ်ကူးချိုချိုတိုက်ထုတ် စာအုပ်ပေါင်း ၆၀၀ ကျော်ပါဝင်သည့် စာအုပ်များ ဈေးလျှော့နှုန်းရောင်းပွဲကို
(၁၄-၁၂-၂၀၁၆) ဗုဒ္ဓဟူးနေ့မှ
(၁၈-၁၂-၂၀၁၆) တနင်္ဂနွေနေ့ထိ (၅) ရက် တိုင်တိုင် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်းမှာ လာရောက်
ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်ဝေဖြန့်ချီတဲ့
ဘာသာရေး၊ လူမှုရေး၊ အတွေးအခေါ်၊ ကျန်းမာရေး၊ အလှအပ၊ ဟင်းချက်နည်း၊ အောင်မြင်ရေးကျမ်း၊
ပုံပြင်၊ ၀တ္ထု၊ ဟာသ၊ အင်္ဂလိပ်စာနဲ့ကလေးသူငယ် စာသင်သားသုံး ပညာလမ်းညွှန် စာအုပ်မျိုးစုံကို
မကွေးမြို့မှ စာဖတ်ပရိသတ်များသို့ ကျေးဇူးတုံ့ပြန်သောအားဖြင့် ၁၀% လျှော့နှုန်းဖြင့်
ရောင်းချပေး သွားမည်ဖြစ်ကြောင်းနှင့် အမြို့မြို့အနယ်နယ်မှ စာအုပ်ချစ်သူ စာဖတ်ပရိသတ်များအတွက်
တိုက်ရိုက်ဈေးလျှော့နှုန်းဖြင့် ရောင်းချပေးမည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


No comments:
Post a Comment