နေပြည်တော်
ဇူလိုင် ၂၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
ပထမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ခန်းမ၌ စတင် ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)
မှ ဦးရဲမြင့်စိုး၏ “ရန်ကုန်တိုင်းဒေသကြီး
ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရခြင်းအပေါ် ၀န်ကြီးဌာနမှ ဆောင် ရွက်ပေး နိုင်မည့်အစီအမံကိုသိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရန်ကုန် တိုင်းဒေသကြီး သုံးခွနှင့် ခရမ်းမြို့နယ်များတွင်
တည်ဆောက် ထားသော ရေထိန်းတံခါး များ၊ ရေနုတ်မြောင်း များ၊ ရေငန်တား တာများသည် ဒေသနေ ပြည်သူများအတွက်
ရေချိုပေးပို့ရန်၊ ရေချိုထိန်းသိမ်းရန်၊ ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရန်နှင့် မိုးရာသီရေကြီးနစ်မြုပ်မှုမှ
ကာကွယ်ရန် စသည့်အချက်များအပေါ် အခြေခံ၍ တည်ဆောက်ပေးထားခြင်းဖြစ်၍ မူလတည်ဆောက် ခဲ့သည့်
ရည်ရွယ်ချက် လုပ်ငန်းစဉ်များအတိုင်း အကျိုးပြုနိုင်စေရန်အတွက် ရေထိန်းတံခါးများ အကြီးစားပြုပြင်
ပေးခြင်း၊ ဆက်စပ် ရေနုတ်မြောင်းများနှင့် ရေသွင်း၊ ရေထုတ်မြောင်းများ တူးဖော်ပေး ခြင်းဖြင့်
သုံးခွနှင့် ခရမ်းမြို့နယ်အတွင်းမှ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ လျော့ပါး သက်သာစေနိုင်မည်ဖြစ်သောကြောင့်
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရန်ပုံငွေ ရရှိမှုအပေါ်အခြေခံကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက
၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှု
များပြားသော စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြန်လည် ထူထောင်ရေးအတွက် စုစုပေါင်း ထွန်စက်အစီး(၈၀)ဖြင့်
သဲ၊ ကျောက်၊ သစ်တုံးဖယ်ရှားခြင်း (၁၆၁၆)ဧက၊ နုန်းဖယ်ခြင်း (၂၅၆၃)နာရီ၊ ကန်သင်းဖော်မြေညှိခြင်း
(၆၇၀၅)ဧက၊ မိုးစပါးစိုက်ပျိုးရန် (၆၁၆၂)ဧက ထွန်ယက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း။
ထို့ပြင် ဆောင်းသီးနှံစိုက်ပျိုးရန်
(၁၃၆၅၃)ဧကထွန်ယက်ခြင်း၊ ရေနစ်ပျက်စီးခဲ့ သော တောင်သူပိုင်လယ်ယာသုံး စက်ကိရိယာများဖြစ်သော
ထွန်စက်(၁၂)စီး၊ လက် တွန်းထွန်စက် (၁၂၃၉)စီး၊ ရေစုပ်စက် (၁၇၇)လုံးတို့ကို ဌာနရှိ ကျွမ်းကျင်ပြင်ဆင်ရေး
ဝန်ထမ်းများဖြင့် ကျေးရွာများသို့ ကွင်းဆင်း၍ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်
ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ထွန်စက်အသစ် (၇၅)စီးထပ်မံဖြည့်ဆည်း၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး
နှစ်တွင် မိုးစပါးစိုက်ပျိုးနိုင်ရန် (၁၄၇၀၁)ဧကကို ကန်သင်းဖော်မြေညှိခြင်း လုပ်ငန်းများ
ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း။
မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်းထွန်စက်
အစီး(၆၀)ဖြင့် မိုးစပါးစိုက်ပျိုးရန် (၆၉၁၂)ဧက ထွန်ယက်ခြင်းနှင့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန်
ထွန်စက်အသစ် (၃၅)စီး ထပ်မံဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း။
ရခိုင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်ဒေသများဖြစ်သော
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်မြို့နယ်များရှိ ထိခိုက်ပျက်စီးသွားသော
လယ် မြေများကို အချိန်မီ ပြည်လည်စိုက်ပျိုးနိုင်ရန် ထွန်စက် (၂၅)စီးနှင့် တောင်သူများ
အတွက်လိုအပ်သော ဒေါင်ဖန်းလက်တွန်းထွန်စက် အစီး(၁၀၀)ကို ရန်ကုန်မှ ကျောက် တော်မြို့သို့
ရေကြောင်းခရီးဖြင့်ပေးပို့ခဲ့ပြီး မိုးစပါးစိုက်ပျိုးရန် (၁၂၈၀)ဧက ထွန်ယက် ပေးခဲ့ပါကြောင်း၊
ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက်လည်း လုပ်ငန်းများ ပိုမိုဆောင် ရွက်နိုင်ရန်
ထွန်စက်အသစ် အစီး(၂၀) ထပ်မံဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၆-၂၀၁၇
ဘဏ္ဍာနှစ်အတွက် တောင်သူ လယ်သမားများအား ချေးငွေထုတ်ချေးရန် ရန်ပုံငွေခွင့်ပြုချက်များရရှိပြီးဖြစ်၍
၂၀၁၆ မိုးချေးငွေများကို ၂၀၁၆ခုနှစ် မေလ ၁၆ ရက်နေ့မှ စတင်ထုတ်ချေးနေပြီဖြစ်ကြောင်းနှင့်
ယခင်က မိုးစပါးတစ်ဧကလျင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးခဲ့ရာမှ ယခုနှစ်မှစ၍ တစ်ဧကလျင်
ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ပိုမိုထုတ်ချေးလျက်ရှိကြောင်း။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးသွားသောသီးနှံများ
ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် မျိုးအတွက်လိုအပ်သည့်ငွေများကို နိုင်ငံတော်သမ္မတ၏သီးသန့်ရန်ပုံငွေနှင့်
စိုက်ပျိုးရေး ဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေတို့မှ ငွေကျပ် (၈၁၁ ဒသမ ၁၀၂)သန်းပံ့ပိုးပေးခဲ့ပါ
ကြောင်း။
ထို့အတူ
နိုင်ငံတော်သမ္မတ၏သီးသန့်ရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေတို့မှ ကယားပြည်နယ်တွင်
ငွေကျပ် (၇ ဒသမ ၉၃၂)သန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ငွေကျပ် (၁၂၃၄ ဒသမ ၀၉၃)သန်း၊ မကွေးတိုင်းဒေသကြီးတွင်
ငွေကျပ် (၄၀၆ ဒသမ ၀၅၈)သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် (၇ ဒသမ ၅၂၄)သန်း၊ မွန်ပြည်နယ်တွင်
ငွေကျပ် (၃ ဒသမ ၅၀)သန်း၊ ရခိုင်ပြည်နယ်တွင် ငွေကျပ် (၁၆၈၈ ဒသမ ၄၃၀)သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်
ငွေကျပ်သန်း (၃၀)နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ငွေကျပ်သန်း(၃၀) စုစုပေါင်းငွေကျပ်
(၄၂၁၈ ဒသမ ၆၃၉)သန်းကို ထောက်ပံ့ငွေအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်၊ သက်ဆိုင်ရာ
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ထောက်ခံတင်ပြချက်များဖြင့် ပံ့ပိုးကူညီခဲ့
ပါကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏
“ ၂၀၁၅ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံနှင့်အ၀ှမ်း
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် စိုက်ပျိုးသီးနှံများ၊
ရွှံ့နွံသဲများ၊ သစ်တုံးကြီးများ ဖုံးလွှမ်းသွား၍ စိုက်ပျိုးရန်ခက်ခဲသွားသည့် လယ်ယာမြေများနှင့်
ဆုံးရှုံးနစ်နာခဲ့ရသည့် ကာယကံရှင် တောင်သူလယ်သမား များအတွက် နိုင်ငံတော်အစိုးရအနေဖြင့်
မည်ကဲ့သို့သော ပံ့ပိုးကူညီမှုအစီအမံများ ပြုလုပ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း”
မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ
ဦးစိုင်းဝမ်းလှိုင်ခမ်းက “ ရှမ်း ပြည်နယ် မြောက်ပိုင်းတစ်ခွင်
ရပ်ကွက်/ကျေးရွာများတွင် မူးယစ်ဆေးဝါးရောင်း ၀ယ်ဖောက်ကားနေမှုများ ဖမ်းဆီးအရေးယူရေး၊
အုပ်စုလိုက် မူးယစ်ဆေးဝါးများ သုံးစွဲ သည့် ချောင်ကျသောနေရာများအား အမြစ်ပြတ်ရှင်းလင်းဖယ်ရှာရေး၊
မူးယစ်ဆေး ၀ါးအန္တရာယ် ပညာပေးမှုများ ရပ်ကွက်၊ ကျေးရွာမကျန် အရှိန်အဟုန်မြှင့်တင် ဆောင်
ရွက်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ပြုစု ကုသပျိုးထောင်ပေးသည့် စခန်း များ
လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးရေးနှင့် စပ်လျဉ်းသည့်အဆို”ကိုတင်သွင်းရာ
လွှတ်တော်က သဘောတူ အတည်ပြုခဲ့သည်။
No comments:
Post a Comment