ဗီယင်ကျန်း ဇူလိုင် ၂၅
လာအိုနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်
သည် ယနေ့နံနက်ပိုင်း တွင် ဗီယင်ကျန်းမြို့ရှိ
အမျိုးသားကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည့် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ၀န်ကြီးအဆင့်အစည်း
အဝေးဖြစ်သည့် အာဆီယံ - တရုတ် နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးသို့ တက်ရောက်သည်။
အာဆီယံ- တရုတ် ၀န်ကြီးအဆင့်အစည်းအဝေးကို
ဒေသစံတော်ချိန် နံနက် ၁၀ နာရီ တွင် ကျင်းပရာ
အာဆီယံ-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ပြီး
အာဆီယံအသိုက် အ၀န်းထူထောင်ရေးတွင် တရုတ်နိုင်ငံက ဆက်လက်ကူညီ ထောက်ပံ့သွားရေး၊ တရုတ်နိုင်ငံအနေဖြင့်
အာဆီယံ-တရုတ်ဆက်သွယ်မှု 2+7 Coopera tion Framework ကို ဆောင်ရွက်သွားရေး၊ အထူးသဖြင့်
ASEAN Infrastructure Invest ment Bank(AIIB) တည်ထောင်နိုင်ရေး၊ ၂၀၁၆ခုနှစ် စက်တင်ဘာ
(၇)ရက်တွင် ဗီယင်ကျန်း မြို့၌ အာဆီယံ-တရုတ် Commemorative Summit ကျင်းပသွားနိုင်ရေးတို့နှင့်
စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့အပြင် ၂၀၁၆ ခုနှစ်တွင် အာဆီယံ-တရုတ်လူငယ်များ
အပြန်အလှန်ပညာသင် စေလွှတ်နိုင်ရေး၊ ခရီးသွား ကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့်
၂၀၁၇ ခုနှစ်ကို အာဆီယံ-တရုတ် ခရီးသွားနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ရေး ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
အာဆီယံ- ကနေဒါ၊ အာဆီယံ-ဂျပန်၊ အာဆီယံ- သြစတေးလျ၊ အာဆီယံ- အမေရိကန် အစည်းအဝေးများသို့
တက်ရောက်သည်။
အာဆီယံ- ကနေဒါ ၀န်ကြီးအဆင့် အစည်းအဝေးတွင်
အာဆီယံ - ကနေဒါ ကုန်သွယ် မှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်
စွမ်းရည်မြှင့်တင်မှုဆိုင်ရာ အစီအစဉ်များပူးပေါင်း ဆောင်ရွက် ရေး၊ ကနေဒါနိုင်ငံအနေဖြင့်
အာဆီယံနိုင်ငံအားလုံးနှင့် သံတမန်ဆက်သွယ်မှုမြှင့်တင်ရေး၊ ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့်
အကြိမ် (၄၀)မြောက် အာဆီယံ-ကနေဒါ Dialogue Relations ကျင်းပနိုင်ရေး ဆိုင်ရာများကို
ဆွေးနွေးကြသည်။
အာဆီယံ- ဂျပန် ၀န်ကြီးများအဆင့် အစည်းအဝေးတွင်
အာဆီယံဒေသတွင်း နိုင်ငံများဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး
တက်စေရေး၊ အထူးသဖြင့် အာဆီယံဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် စက်မှု ကဏ္ဍ၊
ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။
ထို့နောက် အာဆီယံ- သြစတေးလျ ၀န်ကြီးအဆင့်အစည်းအဝေးတွင်
ပူးတွဲသ ဘာပတိအဖြစ် ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က
ဆောင်ရွက်ပြီး အမှာ စကားပြောကြားရာတွင် လူမှု၊
ယဉ်ကျေး မှုနယ်ပယ်တွင် ကျောင်းသားများ အပြန်အလှန် ဖလှယ်မှု အစီအစဉ်၊ ပြည်သူချင်း ထိတွေ့ဆက်ဆံမှုတိုး
မြှင့်ခြင်းဖြင့် ဒေသနှစ်ခုအကြား ချိတ်ဆက်ရေးတို့ကို ဆောင်ရွက်ရန်အရေးကြီး ကြောင်းပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံ-သြစတေးလျ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များ
ကို ဆွေးနွေးကြသည်။
ဆက်လက်၍ အာဆီယံ- အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေး
တွင် အာဆီယံ- အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment