နေပြည်တော် ဇူလိုင် ၂၂
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ
၇၄ (က) နှင့် နည်းဥပဒေ ၁၀၀ အရတင်သွင်းလာသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ်
(၂/၂၀၁၆) လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊
လျှောက်ထားခံရသူ ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ တိုင်းဒေသကြီးလွှတ်တော်
သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေ ၁၀၀ အရ တင်သွင်းလာသည့်
ရွေးကောက်ပွဲ
ကန့်ကွက်လွှာပြင်ဆင်မှုအမှတ် (၃/၂၀၁၆) လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးသိန်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
တို့၏အမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်နှင့် ဦးထွန်းခင်တို့ပါဝင်သည့်
ပြင်ဆင်မှုခုံရုံးက ၂၀၁၆ ခုနှစ် ဇွန် ၁၄ ရက်တွင် ရုံးထိုင်ကြားနာစစ်ဆေးခဲ့ရာ လျှောက်ထားသူဘက်မှ
တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ချိုက ပြင်ဆင်မှုအစားအယူခံမှုအဖြစ် လျှောက်ထားတင်ပြ ခဲ့မှုအား
ခုံရုံးကလက်ခံခဲ့ပြီးဖြစ်သည်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ
၁၀၁ အရတင်သွင်းသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အယူခံမှု အမှတ် (၇/၂၀၁၆) နှင့် (၈/၂၀၁၆)
တို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊
ဦးထွန်းခင်နှင့် ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက ၂၀၁၆ ခုနှစ် ဇူလိုင် ၈ ရက်တွင်
ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန်
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိအဆင့် (၁) အောက်မနိမ့်သည့်ပုဂ္ဂိုလ်အား
ရုံးတော်သဟာယအဖြစ် ဖိတ်ကြားလျက် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ ၏ ဥပဒေအကြံဉာဏ်
ပေးချက်များကို ကြားနာခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲကန့်ကွက်လွှာ
အယူခံမှုအမှတ် (၇) နှင့် (၈) တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက
ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊
ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက ၂၀၁၆ ခုနှစ်၊ ဇူလိုင်
၂၂ ရက်နေ့တွင် လျှောက်ထားသူတို့၏ အယူခံမှုများကို ခွင့်ပြု၍ မူလခုံအမှတ် (၄) ၏ ၁၂-၅-၂၀၁၆
ရက်စွဲပါ အမိန့်နှင့် ယင်းအမိန့်နှင့်ဆက်စပ်သော ၂၆-၅-၂၀၁၆ အမိန့်များကို ပယ်ဖျက်လိုက်သည်။
မူလခုံအမှတ် (၄) သည်
မူလကန့်ကွက်လွှာအမှုများကို ပြန်လည်ဖွင့်လှစ်၍ ဆက်လက်ကြားနာ စစ်ဆေးသွားရန်နှင့် ၁၂-၅-၂၀၁၆
ရက်နေ့တွင် လျှောက်ထားသူတို့ဘက်မှ ရုံးချိန်းပျက်ကွက်ရသည့်အတွက် လျှောက်ထားခံရသူတို့ဘက်အား
ရွှေ့ဆိုင်းစရိတ် ကျပ်တစ်သိန်းစီပေးရန်နှင့် အယူခံမှုများအတွက် ရှေ့နေခသုံးသောင်းကျပ်စီ
သတ်မှတ်သည်ဟု သတင်း ရရှိသည်။
No comments:
Post a Comment