နေပြည်တော်၊
ဇူလိုင် ၂၃
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန (ယဉ်ကျေးမှု)၏
၂၀၁၆ ခုနှစ်၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရာဇသင်္ဂဟလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊
အမျိုးသား ပြတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက
ခရေပင်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက သတ်မှတ် နေရာများတွင် ကံ့ကော်ပင်
များကို စိုက်ပျိုးကြပါသည်။
ဆက်လက်၍ ဦးစီးဌာန အသီးသီးမှ ဝန်ထမ်းများက စုပေါင်း၍
သစ်ပင် စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက
ဝန်ထမ်းများ စုပေါင်း သစ်ပင် စိုက်ပျိုးနေမှုကို လိုက်လံ ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
(ယဉ်ကျေးမှု)၏ ၂၀၁၆ ခုနှစ်၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊
မဟော်ဂနီ၊ ပိတောက်၊ မယ်ဇလီပင်၊ ယင်းမာပင်နှင့်
ဆီး၊ သပြေပင် စုစုပေါင်း ၆၀၀ ပင် တို့ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment