သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မင်းထက်
ဓာတ်ပုံ-မင်းထက်
ရန်ကုန် ဇူလိုင် ၁၁
မြန်မာမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး United Nations Educational
Scientific and Cultural Organization (UNESCO) က ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း
ကူညီ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း UNESCO မှ မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးရေး အထူးပြု
တာဝန် ယူထားသည့် Mr. MiKel Aguirre Idiaquez က ပြောသည်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့ နယ်ရှိ အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ် သတင်းဌာနတွင်
ဇူလိုင် ၈ ရက်မှ ၁ဝ ရက်အထိ (UNESCO) က ပြုလုပ်သည် Training for Trainers on
Investigative Journalism သင်တန်း ဆင်းပွဲတွင် Mr. MiKel Aguirre Idiaquez က အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ Training for Trainers on Investigative Journalism သင်တန်းသို့ အမျိုးသား
စီမံခန့်ခွဲမှု ပညာကောလိပ် သတင်းဌာနမှ ဆရာမခုနစ်ဦး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ
နှစ်ဦးနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက် သုံးဦး စုစုပေါင်း ၁၂ ဦး
တက်ရောက် ခဲ့သည်။
၎င်းသင်တန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့် UNESCO က စတင်ဖွင့်လှစ်ပေးခဲ့ခြင်း
ဖြစ်ပြီး အဆိုပါသင်တန်း ခေါင်းစဉ်ကို Workshop ခေါင်းစဉ်ကို (Introduction to
Investigative Journalism) (စုံစမ်း ထောက်လှမ်း သတင်းစာပညာ မိတ်ဆက်) ဟူ၍ ပေးထားပြီး
နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ သုံးရက် တိုင်တိုင် သင်ကြားပေးသည်။
''အခုသင်တန်းကတော့ ဒီဂျာနယ်လစ်ဇင် ကျောင်းမှာ ရှိတဲ့ ဆရာမတွေကို သင်တန်း ပို့ချမှုဆွေးနွေးပွဲ
လုပ်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အရင်ကတည်းကလည်း ပညာရေးဝန်ကြီးဌာနနဲ့
ပူးပေါင်းပြီး အကောင်အထည်ဖော် လုပ်ဆောင် ပေးနေတာလေးတွေ ရှိပါတယ်။ ခုဟာကတော့ ပြန်ကြားရေးဝန်ကြီး
ဌာနနဲ့ ပူးပေါင်းပြီး မြန်မာမီဒီယာ လောကဖွံ့ဖြိုးဖို့ကို အဓိကထား စတင် အကောင်အထည်ဖော်
လုပ်ဆောင် နေတာပါ''ဟုUNESCO မှ မြန်မာနိုင်ငံ မီဒီယာ ဖွံ့ဖြိုးရေးအထူးပြု တာဝန်ယူထားသည့်
Mr. MiKel Aguirre Idiaquez က အဆိုပါ သင်တန်းနှင့် ပတ်သက်၍ ရှင်းပြသည်။
''ဒီသင်တန်းက ကောင်းပါ တယ်။ တကယ်ပဲ နက်နက်နဲနဲနဲ့ ထိုးထွင်း မြင်တတ်အောင် သင်ပေး
တာပါ။ ဒါပေမယ့် ကျွန်မက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဆိုပေမယ့် ရေဒီယို အသံလွှင့်ဘက်က
ဖြစ်နေတယ်။ အထူးသဖြင့် စွန့်လွှတ်၊ စွန့်စား သတင်းထောက်တွေ အတွက် ဒီလိုသင်တန်းမျိုးက
ပိုပြီး သင့်လျော်မယ်လို့ ထင်တယ်''ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒေါ်ယဉ်ယဉ်ရွှေ
(ဦးစီးအရာရှိ)က ဆိုသည်။
UNESCO မှ ဆက်လက်ပြီး မြန်မာနိုင်ငံ မီဒီယာ ဖွံ့ဖြိုးရေး ဒုတိယ သင်တန်းကို ယခုလာမည့်
ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိ လည်းကောင်း၊ တတိယ သင်တန်းကို ဇူလိုင် ၁၆ ရက် မှ ၁၈ ရက်အထိ
ရန်ကုန်မြို့ Central
Hotel ၌ အခမဲ့ ဆက်လက် ဖွင့်လှစ်ပေးမည် ဖြစ်ပြီး ယင်းသင်တန်းများသည် မြန်မာနိုင်ငံတစ်ဝန်းမှ စာနယ်ဇင်း လောကသားများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။
Hotel ၌ အခမဲ့ ဆက်လက် ဖွင့်လှစ်ပေးမည် ဖြစ်ပြီး ယင်းသင်တန်းများသည် မြန်မာနိုင်ငံတစ်ဝန်းမှ စာနယ်ဇင်း လောကသားများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ၂ဝဝ၇-၂ဝဝ၈ ပညာ သင်နှစ်ကစတင်ကာ ဖွင့်လှစ်ပေးခဲ့ သော ပညာရေးဝန်ကြီးဌာန အောက်ရှိ
အမျိုးသား စီမံခန့်ခွဲမှု ပညာကောလိပ် သတင်းဌာနမှ မွေးထုတ်ပေးလျက် ရှိသော မြန်မာ စာနယ်ဇင်း
မျိုးဆက်သစ် ၁၅ဝ ဝန်းကျင် ရှိပြီဖြစ်ပြီး နိုင်ငံတစ်ဝန်း မီဒီယာပေါင်းစုံတွင် ဝင်ရောက်
တာဝန်ယူ ထမ်းဆောင် နေပြီဖြစ်သည်။ နှစ်စဉ် သင်တန်းသား ကျောင်းသား ကျောင်းသူ စုစုပေါင်း
၅ဝ သာ လက်ခံ သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။



No comments:
Post a Comment