Friday, July 10, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြု ပေးနေမှု အခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်လျှောက် ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ် သူများနှင့် ထုတ်ဝေ သူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင် သက်သေခံ လက်မှတ် ရရှိထား သူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်း အမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူ အမည် ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေး လျက် ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၁၀- ၇ -၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာနစီမံခန့်ခွဲရေး ကော်မတီ အစည်း အဝေးတွင် ပုံနှိပ်သက်တမ်းတိုး(၅၅)ဦး၊ ထုတ်ဝေသူသက်တမ်း တိုး(၁၈)ဦး၊ ပုံနှိပ်လုပ်ငန်း အသစ် လျှောက် (၁၁)ဦး၊ ထုတ်ဝေခွင့်အတွက်အသစ်လျှောက်ထားသူ ဂျာနယ်ထုတ်ဝေခွင့်(၁)ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့် (၇) ဦး၊ အထွေထွေ ထုတ်ဝေခွင့်(၉) ဦးနှင့်ပေါင်း လုပ်ငန်းအသစ်(၁၇)ဦး တို့အားလည်းကောင်း၊ ပုံနှိပ်သူ အမည်ပြောင်း(၂)ဦး ၊ ထုတ်ဝေသူ အမည်ပြောင်း(၆)ဦး၊ ဂျာနယ်လိုဂိုပြောင်း(၁)ဦး တို့အား လည်း ကောင်း အသိအမှတ်ပြု လက်မှတ် များ ထုတ်ပေး ရန်ခွင့်ပြုပေးခဲ့ပါ သည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ် လုပ်ငန်းအတွက် သက်တမ်းတိုး(၁၀၃၁)ဦးနှင့် အသစ်လျှောက်ထားသူ (၁၉၉)ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက် သက်တမ်းတိုး  (၉၈၄)ဦး နှင့် အသစ်လျှောက်ထားသူ (၄၅၉)ဦး၊ သတင်း အေဂျင်စီ လုပ်ငန်း အသစ်လျှောက် ထားသူ(၁၄)ဦး၊ စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိ အမှတ်ပြု လက်မှတ် (၂၆၈၇)စောင်အားစိစစ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါ သည်။ 
ဂျာနယ်ထုတ်ဝေခွင့် အသစ်လျှောက်ထားသူတစ်ဦးနှင့် ပုံနှိပ်သက်တမ်းတိုး လျှောက်ထား သူတစ်ဦးတို့ကို အချက်အ လက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။
ပြန်ကြားရေးဝန်ကြီးဌာန






No comments:

Post a Comment