လွိုင်ကော် ဇူလိုင် ၁၇
နိုင်ငံတော်အစိုးရအနေဖြင့် ၂ဝ၁ဝ-၂ဝ၁၁
ခုနှစ်တွင် စက်တပ်ဆင် အင်အား ၃၄၁၃ မဂ္ဂါဝပ်ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးခဲ့ရာမှ
ယနေ့ စက်တပ်ဆင်အင်အား ၄၈ဝဝ မဂ္ဂါဝပ်ကျော်အထိ ရှိလာပြီဖြစ်သည့် အတွက် ၁၄ဝဝ မဂ္ဂါဝပ်ခန့်
ပိုမိုတိုးတက်လာခဲ့ပါကြောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် အိမ်ထောင် စုပေါင်း ၂ ဒသမ ၂၂ သန်းအတွက်သာ
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခုအိမ် ထောင်စုပေါင်း ၃ ဒသမ ၃သန်းခန့်ကို
လျှပ်စစ် ဓာတ်အားပေးနိုင် ခဲ့ပြီဖြစ်ပါကြောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် မဟာဓာတ်အားလိုင်းမှ
ဖြန့်ဖြူးပေးသည့် ကျေးရွာပေါင်း ၂၂၅ဝ သာရှိခဲ့ပြီး ယခု ၆၇၂၉ ရွာ အထိ တိုးတက်လာပြီဖြစ်ပါကြောင်း
ယနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
ကယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးရန်အတွက်
လွိုင်ကော်ပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းတွင်
လွိုင်ကော်မြို့ ၁၃၂ ကေဗွီ လွိုင်ကော် ပင်မ ဓာတ်အားခွဲရုံ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သမိုင်းဝင်
ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကြီးဖြစ်သည့် ဘီလူးချောင်း (၂)ကို တည်ဆောက်ပြီး ရန်ကုန်နှင့်
မန္တလေးမြို့တို့သို့ ဓာတ်အားပို့လွှတ်ခဲ့သည့် ၁၉၆ဝ ခုနှစ်တွင် ကယားပြည်နယ်အတွင်း လွိုင်ကော်တစ်မြို့တည်းသာ
လျှပ်စစ်မီးအနည်းငယ် စတင်သုံးစွဲနိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၁ ခုနှစ်မတိုင်မီ အချိန်က ဘီလူးချောင်း
(၂) စက်ရုံမှ ၃၃ ကေဗွီ ဓာတ်အားလိုင်းများဖြင့် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘော်လခဲနှင့်
ဖားဆောင်းမြို့များကို ဓာတ်အားထပ်မံဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။
ယခုလွိုင်ကော် ပင်မဓာတ်အားခွဲရုံ ၁၃၂/၃၃/၁၁
ကေဗွီ၊ ၅ဝ အမ်ဗွီအေကို ၂ဝ၁၅ ခုနှစ် ဧပြီလတွင် တည်ဆောက်ပြီးနောက် လွိုင်ကော်ခရိုင်အတွင်း
လွိုင်ကော်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၇ဝဝဝ ကျော်နှင့်အနီးဝန်းကျင် ကျေးရွာ ၅၄
ရွာ၊ ဒီမောဆိုမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၃၆ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ
၄၅ ရွာ၊ ဖရူဆိုမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၁ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ
၁၁ ရွာ၊ ရှားတောမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၄ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ
နှစ်ရွာတို့ကို မဟာဓာတ်အားလိုင်းစနစ်က ဓာတ်အားပေးထားနိုင်ပြီဖြစ်ပါကြောင်း ပြောကြား
ခဲ့သည်။
ဘော်လခဲမြို့နယ်ရှိ အိမ်ထောင်စုပေါင်း
၈ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် နှစ်ရွာ၊ ဖားဆောင်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း
၆ဝဝ ကျော်နှင့် အနီး ပတ်ဝန်းကျင် သုံးရွာ၊ မယ်စဲ့မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၂ဝဝ
ကျော်၊ ရွာသစ်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၃ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် သုံးရွာတို့ကိုလည်း
ဓာတ်အားစနစ်မှ ဓာတ်အားကို ၂၄ နာရီဖြန့်ဖြူးပေးထား ပြီးဖြစ်သည်။ ယခုအခါ ကယားပြည်နယ်
တစ်ခုလုံး အနေဖြင့် မဟာဓာတ်အား လိုင်းစနစ်မှ လျှပ်စစ်ဓာတ်အားကို မြို့အားလုံး ရှစ်မြို့နှင့်
ကျေးရွာ စုစုပေါင်း ၅၁၁ ရွာအနက် ၂၅၄ ရွာကို ပေးပို့နိုင်ပြီဖြစ်သည်။
လက်ရှိ ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင်လည်း
ကျေးရွာပေါင်း ၁၁၄ ရွာတွင် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ၊
ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်ပေးလျက်ရှိသည်။ ယခု ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာရေးနှစ်ကုန်တွင်
ကယားပြည်နယ်တစ်ခုလုံးရှိ အိမ်ထောင်စုများ၏ ၉ဝ ရာခိုင်နှုန်း ကျော်သည် မဟာဓာတ်အားလိုင်းစနစ်မှ
လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲလာနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စု
ဝန်ကြီး၏ ပြောကြားချက်များအရ သိရှိရသည်။
ထို့ပြင် လွိုင်ကော် ၁၃၂ ကေဗွီ ပင်မဓာတ်အားခွဲရုံကို
ပစ္စည်းတန်ဖိုး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ဝ၆ သန်းနှင့် တည်ဆောက်စရိတ် မြန်မာငွေကျပ်
၇၉၈၉ ဒသမ ၉၇၆ သန်း အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့်
ကယားပြည်နယ်နည်းတူ ယခင်က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ခြင်း မရှိသည့် ရခိုင်ပြည်နယ်တွင်
၂ဝ၁၄ ခုနှစ် အတွင်း သံတွဲ၊ ငပလီ၊ တောင်ကုတ်၊ အမ်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့်
မြောက်ဦးမြို့များကို မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပေးနိုင်ခဲ့ပြီး
၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် ကျောက်ဖြူ၊ ရမ်းဗြဲမြို့များကို ထပ်မံတိုးချဲ့ လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးနိုင်ခဲ့ကာ တစ်ဆက်တည်း အနီးပတ်ဝန်းကျင် ကျေးရွာ ၅၃ ရွာတွင်လည်း လျှပ်စစ်မီးများ
ရရှိပြီဖြစ်သည်။ ဆက်လက်ပြီး ယခု ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အတွင်း မင်းပြား၊ မဒေးကျွန်း၊ မြေပုံ၊
ပေါက်တော၊ မအီ၊ ဂွမြို့များကိုပါ လျှပ်စစ်မီးရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်တွင်
ချင်းအမျိုးသား နေ့ဖြစ်သည့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် မဟာဓာတ်အားလိုင်းမှတစ်ဆင့်
စတင် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ခဲ့ပြီး ယခုဆိုလျှင်
ဟားခါးမြို့ကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး ဖလမ်း၊ မင်းတပ်၊
မတူပီ၊ ကန်ပက်လက်၊ တီးတိန်တို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်
လျက်ရှိပါကြောင်း။
လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ဒေသမှ ပြည်သူများ
လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး စီမံချက်ကို
ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး ရေးဆွဲခဲ့ရာတွင် ၂ဝ၁၅ -၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်အထိ
ငါးနှစ်တာကာလအတွင်း အိမ်ထောင်စု ၁ ဒသမ ၅ သန်းခန့်ကို ဓာတ်အား စနစ်မှ တိုးချဲ့ပေးရန်နှင့်
အိမ်ထောင်စု ၁၂ဝဝဝဝ ကျော်ကို ဓာတ်အားစနစ် ပြင်ပတွင် သီးခြားအစီအစဉ်ဖြင့် ဓာတ်အားပေးရန်
စီမံလျာထားပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ စီမံချက်အရ ဆိုလျှင် ၂ဝ၃ဝ ခုနှစ်တွင် တစ်နိုင်ငံ လုံးကို
လျှစ်စစ်ဓာတ်အားရရှိစေရန် ရည်မှန်းထားပါကြောင်း။
အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်အောက်မှ
လုပ်ငန်းများအနက် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်အထိ ငါးနှစ် အတွင်း အိမ်ထောင်စုပေါင်း
၁ ဒသမ ၆ သန်းကို လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆၇ဝ ခန့် ရင်းနှီးမြှုပ်နှံရန်
လိုအပ်ပါကြောင်း။
JICA နှင့် ပူးပေါင်း ရေးဆွဲလျက် ရှိသော
စီမံချက်အရ ၂ဝ၂ဝ -၂ဝ၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်တွင်
၈ဝ၂၁ မဂ္ဂါဝပ်၊ ၂ဝ၃ဝ-၂ဝ၃၁ ခုနှစ် တွင် ၁၄၅၄၂ မဂ္ဂါဝပ် သုံးစွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ကယားပြည်နယ် အပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ် လုံး၏ ပူးပေါင်းပါဝင်မှုဖြင့် လျှပ်စစ်စွမ်းအား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလာနိုင်မည်ဖြစ်၍ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက် အောင်မြင်လာတော့မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ကယားပြည်နယ် အပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ် လုံး၏ ပူးပေါင်းပါဝင်မှုဖြင့် လျှပ်စစ်စွမ်းအား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလာနိုင်မည်ဖြစ်၍ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက် အောင်မြင်လာတော့မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက
ကယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးရေးအတွက် လွိုင်ကော် ပင်မဓာတ်အားခွဲရုံမှ
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံမှ
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း အခမ်းအနားကို ဘက်စုံပညာ ထူးချွန်လူငယ်၊ ကင်းထောက်လူငယ်နှင့်
လူရည်ချွန် လူငယ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက လွိုင်ကော်ပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက လွိုင်ကော်ပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment