နေပြည်တော် ဇူလိုင် ၁၄
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ အခြေစိုက် ဂျင်နရယ်အီ လက်ထရစ်(ဂျီအီး)ကုမ္ပဏီမှ
ဒုတိယဥက္ကဋ္ဌ မစ္စတာ ဂျွန်ဂျီရိုက်စ်အား ယနေ့နံနက်(၁၁)နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော်
ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် စွမ်းအင်နှင့်
လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများ ချမှတ်၍ ပူးပေါင်းဆောင်ရွက်ရေး၊
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပို့ဆောင်ရေးကဏ္ဍများ
ပိုမိုဖွံ့ဖြိုး တိုးတက်ရေး အတွက် ထောက်ပံ့ ကူညီနေမှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့် တင်ရေး ဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဒေါက်တာကံဇော်၊ ဦးသန်းဌေး၊ ဒုတိယ၀န်ကြီး
ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment