လတ်တလော ကာလအတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင်
မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဒေသများတွင်
ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူအချို့ ရေဘေးဒုက္ခနှင့် ရင်ဆိုင်ခဲ့ရကာ အိုးအိမ်နှင့်
ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အတွက် ရေကြီးရေလျှံမှုဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ကြရသည့်
ပြည်သူများ အတွက် ထောက်ပံ့ ဆောင်ရွက်ပေးနေမှုများ၊ ဆောင်ရွက်နေဆဲကိစ္စရပ်များနှင့် ပြန်လည်
ထူထောင်ရေး အတွက် ပြင်ဆင်ထားရှိမှုအစီအမံများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံ
မေးမြန်းခဲ့သည်များကို ပြန်လည် ရေးသားတင်ပြလိုက်ရပါသည်။
ဒေါ်ဖြူလဲ့လဲ့ထွန်း (ညွှန်ကြားရေးမှူး)
(ကယ်ဆယ်ရေးဌာနခွဲ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
ကျွန်မတို့ ဦးစီးဌာနအနေနဲ့ သဘာဝ ဘေး လျော့ပါး
ရေး လုပ်ငန်းစဉ်တွေ ထဲမှာ တစ်ခုအပါ အဝင် ဖြစ်တဲ့ အသိ ပညာပေး လုပ်ငန်းတွေကို အဓိက ဆောင်
ရွက်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ အပိုင်းနှစ် ပိုင်းနဲ့ ဆောင်ရွက်ပါတယ်။ သဘာဝဘေးစီမံခန့်ခွဲမှု
တွေမှာ ပါဝင်ဆောင်ရွက်နေသူတွေရဲ့ စွမ်းဆောင် ရည်ကို မြှင့်တင်ပေးနေတဲ့ အပိုင်းရယ်၊
ပြည်သူတွေ သဘာဝဘေးလျော့ပါးရေးနဲ့ပတ်သက်ပြီး အသိပညာ တိုးပွားစေရေး အပိုင်းရယ်ဆိုပြီး
နှစ်ပိုင်းရှိပါတယ်။
စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုတာနဲ့ပတ်သက်
ပြီးတော့ ၁၉၇၇ ခုနှစ်လောက်ကစပြီး သင်တန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ စပြီးဖွင့်တုန်းကတော့
သဘာဝဘေး စီမံခန့်ခွဲမှုသင်တန်းဆိုပြီးတော့ ဖွင့်ခဲ့တာပါ။ ၂ဝဝ၈ ခုနှစ် ဆိုင်ကလုန်းနာဂစ်မုန်တိုင်းရဲ့
အတွေ့အကြုံအရ ၂ဝဝ၈ ခုနှစ် နောက်ပိုင်းမှာ သင်တန်းတွေကို ပိုမိုတိုးမြှင့် ဖွင့်လှစ်ခဲ့ပါတယ်။
သဘာဝဘေးစီမံခန့်ခွဲမှု စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းတွေဖွင့်လှစ်တယ်။ အဲဒီ သင်တန်းတွေ
ဖွင့်လှစ်နိုင်ဖို့အတွက် နည်းပြသင်တန်း တွေလည်း ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအချိန်ကနေ အခု
ထက်ထိ ဖွင့်လှစ်ခဲ့တဲ့ နည်းပြသင်တန်း (၇)ကြိမ်ရှိပါ ပြီ။
နောက်တစ်ခုက ပြည်သူလူထုတွေဆီကို အသိ ပညာတွေ
ရောက်ရှိဖို့အတွက် ဆွေးနွေးဟောပြောပွဲ တွေ လုပ်ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ ပြုလုပ်ရာမှာ
လည်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့ ကျွန်မ တို့ရုံးတွေကပဲ ဦးဆောင်ပြီးတော့ ရပ်ကွက်၊
ကျေးရွာ တွေအထိ ဆွေးနွေးဟောပြောပွဲတွေ လုပ်ပါတယ်။ ဒီလို လုပ်ရာမှာ ကျွန်မတို့ ဦးစီးဌာနအနေနဲ့
လက်ကမ်း ကြော်ငြာစာရွက်တွေ ၊ ပိုစတာတွေကို နှစ်စဉ်ထုတ်ပါ တယ်။ အဲဒါတွေကို ဟောပြောပွဲတွေမှာ
ဝေငှတယ်။ စာသင်ကျောင်းတွေမှာ ဆိုရင်လည်း ကျောင်းသား လေးတွေဆီအထိရောက်အောင် ဝေငှပါတယ်။
လက်ကမ်းကြော်ငြာစာရွက်တွေ၊ ပိုစတာတွေမှာ ဘေးအန္တရာယ်
ရှစ်မျိုးအတွက် ထုတ်ပြန်ပေးနိုင်တာ မှန်ပေမယ့် ဗလာစာအုပ်တွေမှာတော့ တိုင်းဒေသကြီးနဲ့
ပြည်နယ်အလိုက် သူ့ဒေသအတွင်း ဖြစ်နိုင်ခြေရှိတဲ့ သဘာဝဘေးဆိုင်ရာတွေကို ဦးစားပေးပြီး
ထည့်သွင်း ဖော်ပြထားပေးပါတယ်။ ဒါ့အပြင် တချို့နေရာတွေမှာ ရေကြီးဇာတ်တိုက်လေ့ကျင့်ခန်းတွေ၊
ကမ်းရိုးတန်း ဒေသတွေဆိုရင် မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက် လေ့ကျင့်ခန်းတွေ၊ ဆူနာမီစသဖြင့်
လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ တချို့ဒေသတွေမှာ မီးဘေး၊ ငလျင်စတဲ့ ဇာတ်တိုက်လေ့ကျင့်ခန်းတွေကိုလည်း
လုပ်ဆောင်လျက် ရှိပါတယ်။
ရုပ်မြင်သံကြား၊ သတင်းစာ၊ စာစောင်တွေကနေပြီး
တော့လည်း သဘာဝဘေးနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဆောင်ရန် ရှောင်ရန် အချက်တွေ၊ မဖြစ်ခင်
ဘယ်လိုပြုမူ ရမလဲဆိုတဲ့အချက်တွေ ထုတ်လွှင့်ပေးနိုင်ဖို့အတွက် ဆောင်ရွက်ပါတယ်။ ခုနောက်ဆုံး
လုပ်ထားတာကတော့ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့အစည်းတွေကို တိုင်းဒေသ ကြီး၊ ပြည်နယ်တွေမှာ
ဖွဲ့စည်းထားပါတယ်။ အဖွဲ့တစ်ဖွဲ့ မှာ ငါးယောက်ကနေ ခုနစ်ယောက်လောက်အထိ ပါဝင် ပါတယ်။ ပြီးတော့
သူတို့ကို သင်တန်းတွေပေးတယ်။ သူတို့က ပြည်သူထဲမှာ ရှိနေတဲ့သူတွေ ဖြစ်တဲ့အတွက် ကြောင့်
သူတို့ရပ်ရွာဒေသမှာ ပိုပြီးတော့ သဘာဝဘေး ဆိုင်ရာ အသိပညာတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။
၂ဝဝ၈ ခုနှစ်ကတည်းက နည်းပြသင်တန်း ခုနစ်ကြိမ်
ဖွင့်ခဲ့ပါတယ်။ သင်တန်းသား ၂၂၁ ဦးဖြစ်ပါတယ်။ သဘာဝဘေးစီမံခန့်ခွဲရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း
သင်တန်းဆိုရင် ၁၉၇၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ် ခဲ့ပါတယ်။ အဲဒီတုန်းက တစ်နှစ်ကို သုံးကြိမ်သာဖွင့်လှစ်
ခဲ့ပါတယ်။ နောက်ပိုင်းမှာများများ ဖွင့်လာနိုင်ခဲ့တော့ အခုအချိန်ဆိုရင် (၁၃၆)ကြိမ်
ဖြစ်သွားပါပြီ။ သင်တန်း သားဆိုရင်လည်း ၆၁၂၇ ဦးရှိပါပြီ။ နည်းပြသင်တန်း တွေကတော့ ၂ဝ၁၄
ခုနှစ် မေလကနေစပြီး ဖွင့်ခဲ့တာ အခုအချိန်အထိဆိုရင် (၂၆)ကြိမ်ရှိပြီ။ ဆင့်ပွားသင်တန်း
(၃၇)ကြိမ် ရှိပါပြီ။ ဒီနှစ်ထဲမှာ ဖွင့်တဲ့ မွမ်းမံသင်တန်းက အခုအချိန် အထိဆိုရင် (၁၁)ကြိမ်ရှိပါပြီ။
သင်တန်းသား တွေအနေနဲ့ တစ်နိုင်ငံလုံး စေတနာ့ဝန်ထမ်းလူငယ် ၃၁၂၃ ဦးရှိနေပါပြီ။
ဦးနိုင်ကြည်ဝင်း
ဒုတိယညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးရေးဦးစီးဌာန
၂ဝ၁၅ ခုနှစ်အတွင်း မိုးရွာသွန်းမှုကြောင့် တောင်သူ
တွေစိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုအခြေအနေ နဲ့ပတ်သက်ပြီးပြောရရင် ၂ဝ၁၅
ခုနှစ်အတွင်းမှာ အရင် နှစ်ကထက် ရာသီဥတုအနေအထားတွေ ပြောင်းလဲလာ တာကို တွေ့ရပါတယ်။ မေလကုန်အထိ
မိုးရေချိန်က ၂ဝ၁၄ ခုနှစ်ထက်စာရင် သုံးလက်မကျော်ကျော် ပိုရွာတာ ကို တွေ့ရပါတယ်။ မိုးရွာသွန်းမှုရဲ့
ပျံ့နှံ့မှုပုံစံတွေဟာ တချို့နေရာတွေမှာ များများရွာပြီး တချို့နေရာတွေမှာ နည်းတယ်။
ဒါကြောင့် တချို့နေရာတွေမှာ ရေကြီးတဲ့ဖြစ်စဉ်
တွေ တွေ့ရပါတယ်။ တချို့နေရာတွေမှာ တစ်ရက်တည်း ကိုပဲ မိုးရေချိန် ငါးလက်မ၊ ခြောက်လက်မအထိ
ထူးထူး ကဲကဲရွာတာကို တွေ့ရပါတယ်။ ဒီနှစ်အတွင်းမှာ ဖေဖော်ဝါရီ၊ မတ်လတွေမှာ မိုးထူးထူးကဲကဲရွာပြီးတော့
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တစ်ဝိုက်မှာရှိတဲ့ မိုးကြို နှမ်း၊ မြေပဲ၊ ကြက်သွန်တွေ
တချို့တစ်ဝက် ပျက်စီး မှုတွေ ရှိခဲ့ပါတယ်။
ရခိုင်၊ တနင်္သာရီ၊ ပဲခူးနဲ့ ရန်ကုန်တွေမှာ အများအား
ဖြင့် မိုးရွာသွန်းမှုကြောင့် တောင်သူတွေ စိုက်ထားတဲ့ စပါးပျိုးခင်းတွေ၊ စပါးစိုက်ခင်း
အနည်းငယ်ရေလွှမ်းတယ်၊ ထိခိုက်ပျက်စီးတာတွေ တွေ့ရှိရပါတယ်။ မိုးဦးမှာတော့ နှစ်စဉ်ဒီလိုပဲ
ရွာပြီးတော့ ပြန်ကျသွားတာများပါတယ်။ ဒီနှစ်ကျတော့ ရခိုင်ပြည်နယ်မှာ တောင်ကုတ်မြို့နယ်၊
ဧရာဝတီမှာ မြန်အောင်မြို့နယ်၊ မွန်ပြည်နယ်ရှိ တချို့ နေရာတွေမှာ မိုးရေချိန် ထူးထူးကဲကဲရွာတဲ့အတွက်ကြောင့်
အဲ့ဒီနေရာတွေမှာ ကျွန်တော်တို့ တာဝန်ယူပျိုးထားတဲ့ ပျိုးခင်းတွေ၊ စိုက်ခင်းတွေ ထိခိုက်တာတွေ၊
ရေမြုပ်တာ တွေ၊ တချို့အနည်းငယ်ပျက်စီးတာတွေ တွေ့ရပါတယ်။
ဒါပေမယ့် စပါးဆိုတာကတော့ လက်ရှိအနည်းဆုံး ရေမြုပ်တာက
ခုနစ်ရက် ကနေ ၁ဝ ရက်ထိ ကောင်းကောင်း ဒဏ်ခံနိုင်ပါတယ်။ ခုနစ်ရက်အတွင်းမှာ ရေပြန်ကျသွားမယ်
ဆိုရင် ပျိုးခင်းတွေ၊ စိုက်ခင်းတွေကို အနည်းငယ်ပြန်လည် ပြုပြင်မယ်ဆိုရင် ပြန်လည်ကောင်းလာမယ့်
အနေအထား ကို ရရှိမှာဖြစ်ပါတယ်။ ပျိုးခင်းတွေ စိုက်ခင်းတွေ ပျက်စီး သွားမယ်ဆိုရင် ပြီးခဲ့တဲ့နွေရာသီက
ရခိုင်ဒေသ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ပုလဲသွယ်စပ်မျိုးစပါး အပါအဝင်
မျိုးစပါးတွေ ကြိုတင်ဖြန့်ဝေထားတာရှိပါ တယ်။ ပုလဲသွယ်စပ်မျိုးစပါးဆိုရင် ဧကတစ်သိန်းကျော်ထိ
မျိုးစပါးတွေ ကြိုပို့ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်းမှာ
ထုတ်လုပ်ထားတဲ့ လက်ရှိ ကျွန်တော်တို့ HNP စပါးမျိုးစေ့တွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ
အရန်အနေနဲ့ထားရှိပြီးဖြစ်ပါတယ်။
တောင်သူတွေမှာလည်း အများစုသိုလှောင်ထားရှိ ပြီး
ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့နေရာတွေမှာ ပြန်လည် အစားထိုးဖို့ အရန်မျိုးစပါးတွေ အသင့်ရှိပြီးဖြစ်ပါတယ်။
လက်ရှိ ရေကြီးနစ်မြုပ်လို့ ပျက်စီးသွားတဲ့အရာတွေကို မျိုးစပါး လိုအပ်ချက်ရှိရင် မျိုးစပါးအရန်တွေရှိတယ်။
အရန်ပျိုးခင်းတွေကို ရေမနစ်မြုပ်တဲ့နေရာတွေမှာထောင် ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မိုးရေကျသွားတဲ့အခါမှာ
တောင်သူတွေရဲ့ လယ်ကွင်းနေရာမှာ မိုးရေတိုက်စားမှု ကြောင့် အာဟာရဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်။
အဲဒီ အတွက် အာဟာရဓာတ်တွေ ပိုမိုသုံးစွဲဖို့၊ မြေဩဇာနဲ့ဆို ပရိုတက်တွေ ပိုမိုသုံးစွဲဖို့
အကြံပြုချင်ပါတယ်။
ရေကြီးပြီးတဲ့နောက် ကြောက်ရတာက ပျိုးခင်း၊ စိုက်ခင်းတွေမှာ
ပိုးမွှားရောဂါတွေ ကျတတ်ပါတယ်။ တောင်သူလယ်သမားတွေ အနေနဲ့ အတွေ့အကြုံရှိပြီး သားလည်းဖြစ်ပါတယ်။
ကျွန်တော်တို့ဌာနအနေနဲ့ ဝန်ထမ်းတွေက ကွင်းဆင်းပြီးတော့ ပညာပေးတာတွေ၊ ဟောပြောတာတွေ၊
လက်တွေ့ဆောင်ရွက်တာတွေကို ကွင်းဆင်းဆောင်ရွက်သွားဖို့ ထပ်ဆင့်ညွှန်ကြားထား ပြီး ဖြစ်ပါတယ်။
ရေကြီးလို့ ပြန်ကျသွားတဲ့စိုက်ခင်း တွေမှာ ငမြောင်တောင်တို့၊ ကြွက်တို့စတဲ့ ပိုးမွှားတွေ
ပင်စည်ပုပ်ရောဂါတွေ ကျတတ်ပါတယ်။
ကျွန်တော်တို့ သက်ဆိုင်ရာမြို့နယ်အသီးသီးမှာရှိ
တဲ့ ပိုးမွှားဝန်ထမ်းတွေက ငမြောင်တောင်ကျမယ်ဆိုရင် မီးထောင်ချောက်ထွန်းပြီး ဆေးထည့်ပြီးကာကွယ်ဖို့ရယ်၊
ကြွက်ကျမယ်ဆိုရင် ကြွက်သတ်ဆေးရယ်၊ ပျိုးခင်းတွေကို ပလတ်စတစ်ခံထားပြီးတော့ ပျိုးထောင်ဖို့ကို
ပညာပေး ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ကွင်းဆင်း ပြီး ပညာပေးလုပ်ငန်းတွေ
ဆောင်ရွက်လျက်ရှိပါတယ်။
လက်ရှိ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက မျိုးစပါး
လိုအပ်ချက်၊ တောင်သူတွေရဲ့ လိုအပ်ချက်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှ အစိုးရအဖွဲ့တွေက
စုစည်းပြီးတော့ တင်ပြဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲ့ဒီ အခါမှ တောင်သူလယ်သမားတွေရဲ့ စီးပွားကာကွယ်
ရေးဥပဒေနဲ့ နည်းဥပဒေအရ ပျက်စီးသွားတဲ့အရာတွေ ကို ပြန်လည်အစားထိုးပေးဖို့အတွက်ကို ဗဟိုကော်မတီ
က စဉ်းစားဆုံးဖြတ်ပြီး တောင်သူတွေရဲ့ ဆုံးရှုံးမှုကို တောင်သူလယ်သမားအခွင့်အရေးနဲ့ အကျိုးစီးပွား
ကာကွယ်ရေးဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမိုးလေဝသဖောက်ပြန်မှုရယ်၊ ရေကြီး နစ်မြုပ်တဲ့အခါမှာ
ဆောင်ရွက်ရမယ့် အချက်အလက် တွေကို Skynet ရုပ်သံ၊Farmer Channel၊ လယ်ယာ စီးပွားသတင်းတွေမှာ
အချိန်နဲ့တစ်ပြေးညီ နှိုးဆော် ချက်တွေ ထုတ်ပြီးတော့မှ ရာသီဥတုဖောက်ပြန်မှု ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့
အကျိုးဆက်တွေ၊ ရေကြီး နစ်မြုပ်မယ်ဆိုရင် တောင်သူတွေရဲ့ပျိုးခင်း၊ စိုက်ခင်း တွေ မပျက်စီးအောင်၊
သိုလှောင်ထားတဲ့ မျိုးစပါးတွေ မပျက်စီးအောင် ကာကွယ်ထားရမယ်၊ ဘယ်လို ဆောင်ရွက်ထားရမယ်
ဆိုတာကို နှိုးဆော်ချက်တွေ၊ ပညာပေးလုပ်ငန်းတွေကို မီဒီယာကတစ်ဆင့် ပညာ ပေး လုပ်ငန်းတာဝန်တွေကို
လက်ရှိဆောင်ရွက်ပေး လျက်ရှိပါတယ်။ ။
မြန်မာ့သတင်းစဉ်(သတင်းအဖွဲ့)
No comments:
Post a Comment