နေပြည်တော် ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုံရွာမြို့နယ်၊
ခံတောကျေးရွာနှင့် အခြေခံပညာ မူလတန်းကျောင်းတို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ဇူလိုင်
၁၆ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ကျေးရွာအတွင်း ရေစီးရေလာ
ကောင်းမွန်စေရေး အတွက် ရေနုတ်မြောင်းများ အတွင်းရှိ အမှိုက်များ ဆယ်ယူပေးခြင်း၊ ရေမြောင်းများ
ပြန်လည်တူးဖော်ပေးခြင်းနှင့် တံတားများ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်နှင့် တာဝန်ရှိသူများက
သွားရောက် ကြည့်ရှု အားပေးသည်။
အလားတူ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ ထောက်ရှာပင်ကျေးရွာတွင်
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ အန္တရာယ်ရှိလာသဖြင့် ကျေးရွာပြည်သူများအား
တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ကျန်ရှိသော
နေအိမ် ၂၅ လုံးအား ပခုက္ကူ တပ်နယ်မှ တပ်မတော်သားများက ဇူလိုင် ၁၇ ရက်တွင် ဆက်လက်ရွှေ့ပြောင်း
ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။





No comments:
Post a Comment