အင်းတော် ၊ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့တွင် မိုးများ ရွာသွန်းမှုကြောင့်
ယနေ့ နံနက် ( ၁၀ ) နာရီ အချိန်ခန့်မှ စတင်၍ မြို့မြောက်ဘက်ခြမ်းရှိ တောင်ကျချောင်းအတွင်းမှ
ရေများဝင်ရောက်၍ ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည်။ ထို့သို့ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက်
မြို့တွင်းလမ်းများတွင် ရေအမြင့်၂ ပေခန့် မြင့်တက်ခဲ့သည်။ ရေကြီး ရေလျှံမှု ကြောင်း
ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော်လည်း လူအသေ အပျောက် မရှိခဲ့ကြောင်း သိရှိရသည်။ နံနက်
( ၁၀ ) နာရီခန့်မှ စတင်၍ ရေမြင့်တက်ခဲ့ပြီး မွန်းလွှဲ ( ၁ ) နာရီ အချိန်ခန့်တွင် ရေလျှော့ကျသွားခဲ့သည်။
သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊
အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များမှ ရေကျချိန်တွင် ကူညီကယ်ဆယ် ရှင်းလင်းရေး
လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ အလားတူ အင်းတော်မြို့နယ်အတွင်း
ရှိ မော်လူးဒေသ၊ မဲဇာဒေသ၊ မော်တိတ်ဒေသ များတွင်ပါ မိုးရွာသွန်း မှုကြောင့် ရေကြီး ရေလျှံမှုများ
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။




No comments:
Post a Comment