Tuesday, July 21, 2015

ကျိုင်းတုံမြို့ကျက်သရေဆောင် နောင်တုံကန်အတွင်းရှိ ငါးအချို့သေဆုံး


ကျိုင်းတုံ ဇူလိုင် ၂ဝ
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် အတွင်းရှိ မြို့ကျက်သရေဆောင် နောင်တုံကန်အတွင်း ရှင်သန်နေ သည့် ငါးများသည် ဇူလိုင် ၁၉ ရက် က ရေပေါ်သို့တက်ကာ အစုအပုံ လိုက် အလုအယက် အသက်ရှူလာ ကြောင်းနှင့် ဇူလိုင် ၂ဝ ရက် တွင် ပေါလောမျောနေသည့် ငါးသေများ စတင် မြင်တွေ့ရပြီး အပုပ်နံ့များ လည်း ရပ်ကွက်အတွင်းသို့ ပျံ့လွင့်စ ပြုနေပြီဖြစ်သည်။
ငါးမွေးမြူရေးဦးစီးဌာနက ကန် ပြောင်း မွေးမြူပါက ငါးများအသက် ရှင်သန်ခွင့်ရမည်ဟု ပြောကြား သဖြင့် ဒေသခံပြည် သူအချို့သည် သုံးဘီး မော်တော်ယာဉ်အတွင်း ဇလုံများ သယ်ဆောင်လာကာ ငါးကန်ရှိရာသို့ ပြောင်းရွှေ့ ထည့်သွင်းလျက် ရှိသည်။

အဆိုပါ နောင်တုံကန်သည် ၃၅ ဒသမ ၇၆၂ ဧကရှိပြီး သုံးနှစ်တစ်ကြိမ်၊ နှစ်နှစ်တစ်ကြိမ် အလားတူဖြစ်ရပ်များဖြစ်ပေါ် လေ့ရှိရာ အချို့ဒေသခံပြည်သူ များသည် ငါးများအမြန်ဖမ်းယူပြီး ငါးပိများပြုလုပ်ခဲ့ကြသည်။ အောက်စီဂျင် နည်းပါးခြင်းကြောင့်ဖြစ်ရသည်ဟု သုံးသပ်ပြီး ဒေသခံများက နောင်တုံကန်သာယာလှပရေးအဖွဲ့အမြန်ဖွဲ့စည်းပြီး ရေရဟတ် ၁ဝ ခုခန့် ဝယ်ယူထည့်သွင်း ထားရှိရေးအ တွက် အကြံပြုစီစဉ်နေကြောင်းနှင့် ကန်တွင်းရှိ ငါးများသေဆုံး ရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာငါးမွေးမြူရေး လုပ်ငန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့က ဆက်လက်လေ့လာ စုံစမ်းလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment