Tuesday, July 7, 2015

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အား ဩစတြေးလျ အမျိုးသားတက္ကသိုလ် ပါမောက္ခ လာရောက် တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၆
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဩစတြေးလျနိုင်ငံ Australian National University (ANU) , Southeast Asian Studies မှ Professor Andrew Walker ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော် အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမှတ်ကြီးနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် Australian National University (ANU), Southeast Asian Studies မှ S Professor Andrew Walker နှင့် ကိုယ်စားလှယ် အဖွဲ့ဝင် ကျောင်းသားများက မြန်မာလွှတ်တော်နှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကြရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် ဆွေးနွေးခဲ့သည်။

No comments:

Post a Comment