Tuesday, July 21, 2015

သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရေကူး အသံလွှင့် စက်ရုံဝင်း နေရာတွင် စက်ရုံဧရိယာ အတွင်းရှိ အိမ်ရာများ၊ ဆိုင်ခန်းများ၊ ရုံးခန်းများနှင့် မြေများအား အခြားသူ တစ်ဦးဦးသို့ ရောင်းချခြင်း၊ ငှားရမ်းခြင်းမပြုဘဲ မီဒီယာနှင့် ပတ်သက်ဆက်စပ်သည့် အဆောက် အအုံများ ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်နှင့် လက်ရှိအသံလွှင့်စက်ပစ္စည်းများကို သင့်လျော်သည့်နေရာသို့ ပြောင်းရွှေ့ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါပိတ်သိမ်းသည့် (၁၉-၆-၂ဝ၁၅)ရက်နေ့အထိ ကုမ္ပဏီ(၆)ခုမှ တင်ဒါပုံစံများ လာရောက်ဝယ်ယူခဲ့ပါသည်။

သို့ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ လုပ်ငန်းပမာဏကြီးမားသည့် အတွက် တင်ဒါဝယ်ယူသူများအနေ ဖြင့် တင်ဒါစည်း ကမ်းချက်ပါ အဆိုပြုလွှာတွင် ပါဝင်ရမည့် အချက်အလက်များကို ပြည့်စုံစွာပြုစုခြင်း၊ ဆောင်ရွက် မည့်လုပ်ငန်းအလိုက် ဒီဇိုင်းပုံစံများ အပါ အဝင် အသေးစိတ်စီမံချက်ကို ရေးဆွဲတင်ပြရမည်ဖြစ်သဖြင့် အချိန် လုံလောက်စွာရရှိစေရန်အတွက် အဆိုပြုလွှာတင်သွင်းရမည့်ရက်ကို ၁၉-၆-၂ဝ၁၅ ရက်နေ့အစား ၁၇-၇-၂ဝ၁၅ ရက်နေ့သို့ (၁)လ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါသည်။ ယခုအခါ တင်ဒါပိတ်သိမ်းရန် သတ်မှတ်ထားသည့် ၁၇-၇-၂ဝ၁၅ ရက်နေ့အထိ ကုမ္ပဏီ(၂) ခုမှ အဆိုပြုလွှာတင်သွင်းခဲ့ပါသည်။
အဆိုပါကုမ္ပဏီ(၂) ခုမှ တင်သွင်းလာသောအဆိုပြုလွှာများကို ပဏာမလေ့လာဆန်းစစ်ချက်များအရ ပြန်ကြား ရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားသည့် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် ရေကူးစက်ရုံဝင်း နေရာတွင် မီဒီယာနှင့်ပတ်သက် သည့် အဆောက်အအုံများဆောက်လုပ်ခြင်းနှင့် လက်ရှိအသံလွှင့်စက် ပစ္စည်းများ ကို သင့်လျော်သည့်နေရာ သို့ ပြောင်းရွှေ့ တည်ဆောက်ရေးနှင့်ပတ်သက်သည့် တင်ဒါအောင်မြင်သူ မရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ အဆောက်အအုံများ
ဆောက်လုပ်ခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းကော်မတီ

No comments:

Post a Comment