Friday, July 24, 2015

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၄

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေသည် တယ်လီနောမြန်မာမှ Mr.PetterFurberg အမှုဆောင်အရာရှိချုပ်   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အဦရေးရာဆောင် အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



ထိုသို့တွေ့ဆုံရာတွင် ဆက်သွယ်ရေး ကွန်ရက်တည်ဆောက်ရေး လုပ်ငန်းအခြေအနေ၊   ဝေးလံခေါင်သီသော ကျေးလက်ဒေသများသို့ ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံနိုင်ရေး၊   တိုးချဲ့ ဆောင်ရွက်နေမှုနှင့်   လွှတ်တော် အနေဖြင့်  လိုအပ်ချက်များရှိပါက ကူညီဆောင်ရွက်ပေးသွား မည့် အစီအမံများကို ဆွေးနွေးကြသည်။   

No comments:

Post a Comment