နေပြည်တော်၊ မတ်
- ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ
နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့သည် နယ်စပ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်
ရှိသဖြင့် နှစ်နိုင်ငံ ကုန်သည်များ နှင့် စည်ကားလျက်ရှိသော မြို့တစ်မြို့ ဖြစ်သည်။
နယ်စပ်စီးပွားရေးမြို့
ဖြစ်သဖြင့် မူဆယ် မြို့တွင် ငွေလွှဲ/ငွေပို့ လုပ်ငန်းများ အတွက် မြန်မာ့စီးပွားရေးဘဏ်၊
မြဝတီဘဏ်၊ အင်းဝ ဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ စီဘီဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊
ဧရာဝတီ ဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်နှင့် ကမ္ဘောဇ ဘဏ်များကို လာရောက်ဖွင့်လှစ်ထားရှိကြသည်။
KIA (ကချင်) အဖွဲ့သည်
မတ် ၁၉ ရက်နှင့် ၂၀ ရက်များတွင် အဆိုပါဘဏ် တစ်ခုချင်းစီသို့ တွေ့ဆုံဆွေးနွေးရန် ခေါင်းစဉ်ဖြင့်
''လူကြီးမင်း များကို အမှတ်(၄) တပ်မဟာ KIA မှ တွေ့ဆုံဆွေးနွေးရန် ရှိပါသဖြင့် ဖုန်းအမှတ်၊
၁၅၃၆၈၆၉၅၀၀၀ သို့ ၂၀၁၅ ခုနှစ်၊ ၃ လ ၃၀ ရက်နေ့မတိုင်မီ မပျက်မကွက် ဆက်သွယ်ရန် အကြောင်း
ကြားလိုက်သည် '' ဟု ဖော်ပြထားသည့် စာများကို ပေးပို့ခဲ့ကြောင်း သိရှိရသည်။
KIA (ကချင်)အဖွဲ့မှ
ယခုကဲ့သို့ မူဆယ်မြို့ရှိဘဏ်များကို ခြိမ်းခြောက် အကြောင်းကြားစာ ပေးပို့လာမှုအပေါ် အဆိုပါဘဏ်များ၊
အခြားစီးပွားရေး လုပ်ငန်း ရှင်များနှင့် မြို့ခံလူထုက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment