Thursday, March 12, 2015

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ကျင်းပ




နေပြည်တော်  မတ်  ၁၂
ပထမ အကြိမ် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၆) ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ရေးမဲဆန္ဒနယ်မှ ဒေါ်မိမြင့်သန်း ၏ တရားသူကြီး၏ ဆုံးဖြတ် ချက်များသည် ဥပဒေနှင့်ညီညွတ်မှုမရှိပါက မည်သို့အရေးယူဆောင်ရွက်သည်နှင့် ဖြောင့် မတ်မှန်ကန်မှုမရှိသော တရားသူကြီးမည်မျှရှိကြောင်းနှင့် မည်သည့်မြို့နယ်များတွင်
အရေးယူထားကြောင်းသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထောင်စုတရားလွှတ်တော် ချုပ်တရားသူကြီး ဦးမြင့်အောင် က တရားသူကြီးများသည် အမှုများကို စစ်ဆေးခြင်း၊ ဆုံးဖြတ်ခြင်းချမှတ်ခြင်းပြုလုပ်ရာတွင် ဥပဒေပါပြဋ္ဌာန်းချက်ကို အဓိပ္ပာယ်ကောက်ယူရာ တွင် မှားယွင်းခြင်း၊ ဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိခြင်းတို့ကြောင့် ဆုံးဖြတ်ချက်များ သည် ဥပဒေနှင့် မ ညီညွတ်ခြင်းမျိုးဖြစ်ပေါ်တတ်ပါကြောင်း၊ တရားသူကြီးတစ်ဦး၏ ဆုံးဖြတ် ချက်သည် ဥပဒေနှင့်ညီညွတ် မှုမရှိခြင်းအတွက် ကျူးလွန်ခဲ့သည့် ကိစ္စအတိမ်အနက်အပေါ် မူတည်၍ ပြစ်မှုကြောင်းအရတရား စွဲဆိုခြင်း၊ နိုင်ငံ့ဝန်ထမ်းဥ ပဒေပုဒ်မ -၅၃ တွင်ပြဋ္ဌာန်း ထားသည့် ၀န်ထမ်းစည်းကမ်းဆိုင်ရာ (၉)မျိုးအနက် သင့်လျော်သည့် ပြစ်ဒဏ်ချမှတ်ခြင်း တို့ဖြင့် အရေးယူဆောင် ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
ပုလဲမဲဆန္ဒ နယ်မှ ဒေါ်ခင်စန်းလှိုင် ၏ သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေအား လျှပ်စစ်စီမံကိန်းများတွင် ငလျင်နှင့် ဆက်နွယ်သော သဘာဝဘေးအန္တရာယ်ကျရောက် နိုင်မှု နှင့်ပတ်သက်၍ လုံလောက်သော လေ့လာပြင်ဆင်မှု များပြုလုပ်ရန်၊ ပြည်သူများနှင့် ပညာရှင်များလက်ခံနိုင်အောင် ဆွေးနွေးညှိနှိုင်း ချက်များပြုလုပ်ရန်အစီအစဉ် ရှိ/မရှိ မေး ခွန်း နှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမော်သာထွေး က သံလွင် မြစ်ပေါ်မှ စီမံကိန်းများအတွက် ဘက်စုံလေ့လာရေးအစီအမံပြုလုပ်၍ တမံအဆင့်ဆင့် ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာပြီးဆောင်ရွက်နိုင်ရန်စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓါတ်အားမရရှိကြသေးသည့် ပြည်သူ ၆၇ ရာခိုင်နှုန်းခန့်အားဆော လျင်စွာဓါတ်အားရရှိစေရေး၊ လူတစ်ဦးချင်းစီ၏ နှစ်စဉ်လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ (၁၉၀) ခန့်သာသုံးစွဲနိုင်သေးသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေ သည့် အခြေအနေမှ လွတ်မြောက်စေရေးနှင့် ဓါတ်အားခသက်သာပြီး ပြည်တွင်းမှလည်း ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်ကိုသာ အခြေခံထုတ်လုပ်မည့် ရေးအားလျှပ်စစ်စီမံကိန်း များကို တင်ပြခဲ့သည့် အစီအမံများအတိုင်း အန္တရာယ်ကင်းရှင်းစေရေး အစီအမံများဖြင့်  ဆောင်ရွက်မှုများကို ပြီးစီးသည့် အခြေအနေအလိုက်သင့်လျော်သည့် နည်းလမ်းများဖြင့် ပြည်သူများအား  အသိပေးတင်ပြ သွားမည်ဖြစ် ပါကြောင်းဖြင့် ရှင်းလင်းသည်။
ထို့နောက် ကန်ပက်လက်မဲဆန္ဒနယ်မှ သူရ ဦးအောင်ကို က နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွင် မြန်မာ့ထွက် ကုန်ပစ္စည်းများ ၏ ဈေးကွက်ကို မြန်မာနိုင်ငံသားများ၏ စီမံခန့်ခွဲ မှုအောက်တွင် ထားရှိနိုင်ရေး စီမံ ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင် စုအစိုးရအားတိုက်တွန်း ကြောင်းအဆိုတင် သွင်းရာ လွှတ်တော်က အတည်ပြုသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ၊တမူးမဲဆန္ဒနယ်မှ ဦးခင်မောင်ရွှေ က ပြည်တွင်းရေကြောင်းသွားရေ ယာဉ်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းခဲ့သည်။ 

No comments:

Post a Comment