နေပြည်တော် မတ် ၁၂
Myanmar Aviation Policy တစ်ရပ်ကို ပို့ဆောင်ရေး
ဝန်ကြီးဌာန လက်အောက် ရှိ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် မူကြမ်း
ရေးဆွဲပြီးသည့် အဆင့်ကို ရောက်ရှိလျက်ရှိပြီး မကြာမီ ကာလအတွင်း လေကြောင်း ပို့ဆောင်ရေး
လုပ်ငန်း နယ်ပယ်ရှိ သက်ဆိုင်သူ အားလုံး (Stakeholder) ထံမှောက် ရှင်းလင်း တင်ပြကာ အကြံဥာဏ်များ
ရယူသွားရန်ရှိကြောင်း သိရသည်။
မြန်မာ့လေကြောင်းလိုင်းများအနေဖြင့် အခြားနိုင်ငံများမှ
လေကြောင်းလိုင်းများ ကို ထိရောက်စွာ ယှဉ်ပြိုင်နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုစရိတ်
သက်သာစွာဖြင့် ပျံသန်းဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက် မိမိတို့အချင်းချင်းဖြစ်စေ၊ ခိုင်မာအောင်မြင်မှု
ရှိပြီးဖြစ်သော နိုင်ငံခြားလေကြောင်းလိုင်းများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ကြရန်
ပို့ဆောင်ရေးဝန်ကြီးဌာ နနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့က တိုက်တွန်းအားပေးလျက်ရှိပါကြောင်းဖြင့်
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်တင်၏
မေးမြန်းချက်အား ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်
(၂)မှ ဦးညွှန့်တင်က ASEAN Open Sky Policy ဖြစ်လာသည့်အခါတွင် အခြားနိုင်ငံများမှ လေကြောင်းလိုင်းများကို
ယှဉ်ပြိုင် နိုင်ရန် မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများအနေဖြင့် ပူးပေါင်း(Merger)
လုပ်ကြစေရန်၊ တိုက်တွန်းသွားရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပူးပေါင်းဆောင်ရွက်မှုများကို
အခွင့်အလမ်း ဖွင့်လှစ်ပေးသည့်အနေဖြင့် အခြားနိုင်ငံ များနှင့် လေကြောင်းသဘောတူစာချုပ်များ
ချုပ်ဆိုရာတွင် လေကြောင်းလိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းချုပ်ဆိုလျက်ရှိပါကြောင်း၊
ပျံသန်းမှုအစီအစဉ်များ ပူးပေါင်းနိုင်ရန်သာမက လုပ်ငန်းဖွဲ့စည်းတည်ထောင်မှုကိုပါ ပူးပေါင်းဆောင်ရွက်နိုင်ရန်
လေကြောင်းလိုင်းများ တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ငန်း
တည်ထောင်ခွင့်ကို ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံသည့်နေရာတွင်
လေကြောင်းလိုင်း လုပ်ငန်း၏ သဘောသဘာဝ အရ အများစုပိုင်ဆိုင်မှုသည် နိုင်ငံတော်နှင့် နိုင်ငံသားများ
လက်ဝယ်တွင်ရှိပါက ပိုမိုလျော်ကန်သင့်မြတ်သည့် အလျှောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ကို ၄၉ ရာခိုင်နှုန်းအထိသာ ခွင့်ပြုထားခြင်းဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်က တစ်ဆက်တည်းမေးမြန်းသည့်
လေကြောင်းလိုင်းတစ်ခုနှင့် တစ်ခုအပြိုင်အဆိုင် လစာနှင့်စရိတ်များ တိုးမြှင့်ပေးပြီး
ခေါ်ယူခြင်း မပြုစေရန် သက်ဆိုင်ရာမှ တိုက်တွန်းဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ်တွင်
ဒုတိယဝန်ကြီးက နိုင်ငံအများစုနှင့် လုပ်ငန်းအဖွဲ့အစည်း အများစု တွင် ကြုံတွေ့ရလျက်ရှိပြီး
တရားဝင်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ် ကိုင်တွယ်ရန် ခက်ခဲသော ပြဿနာတစ်ခုဖြစ်ပါကြောင်း၊
ပို့ဆောင်ရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ လေကြောင်းအာဏာပိုင်များအနေဖြင့် လေကြောင်းပို့ဆောင်ရေး
လုပ်ငန်းများကို နိုင်ငံတော်က ချမှတ်ကျင့်သုံး လျက် ရှိသော စီးပွားရေးဆိုင်ရာ မူဝါဒ၊
ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်က အတည်ပြုထားသော
ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာစံချိန်စံညွှန်း များနှင့်အညီ လုပ်ငန်းတည်ထောင်လည်ပတ်ရေးကိုသာ
ကြီးကြပ်ခြင်းပြုနိုင်ပါကြောင်း။
ကျွမ်းကျင်ဝန်ထမ်းများအား အပြိုင်အဆိုင်ခေါ်ယူသည့်
ကိစ္စရပ်များသည် လုပ်ငန်းအဖွဲ့အစည်းအချင်းချင်း၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား အပြန်အလှန်
စောင့်စည်းအပ်သည့် ကျင့်ဝတ်များနှင့်သာ အဓိကသက်ဆိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများ၏
စီမံခန့်ခွဲခွင့်အတွင်း ကျရောက်သော ကိစ္စရပ်များဖြစ်ပါ ကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် (၁၂)
ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် မေးခွန်းမေးမြန်းခြင်းနှင့် ဥပဒေကြမ်းများ
အတည်ပြုခြင်းအပြင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား
လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဒီမိုက ရေစီပညာရေးစစ်ကြောင်းများကို
အားပေးထောက်ခံကူညီခဲ့သည့် ပြည်သူကိုယ်စား လှယ်များနှင့် အမျိုးသားလွှတ်တော် ဆွေးနွေးပွဲခန်းမတွင်
ကြားနာခဲ့သည့် အစီအစဉ် Video ကို ထုတ်လွှင့်ပြသခဲ့ကြောင်း သိရှိရသည်။
.jpg)
No comments:
Post a Comment