လွိုင်ကော် မတ် ၂၁
ကယားပြည်နယ်၊
လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု နွားလဝိုးကျေးရွာ၌ မတ်လ ၂၁ ရက်နေ့က မော်ချီးစုစည်း- နွားလဝိုးရွာမ
ကျေးရွာချင်းဆက်ကျောက်ချောလမ်း ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ
ကျောက်ချောလမ်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရပ်မိရပ်ဖတစ်ဦးမှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး
နွားလဝိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေဆန်း၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်
ဦးထိန်လင်းတို့မှ အမှတ်တရ အထိမ်းအမှတ် အလံများကို ကယားပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး
ဦးမောင်မောင်ဌေး၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဆန်းနှင့်
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေတို့အား အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍
ကယားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်
မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မော်ချီးစုစည်း-နွားလဝိုးရွာမ ကျေးရွာချင်းဆက်ကျောက်ချောလမ်းကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါကျောက်ချောလမ်းအား တာဝန်ရှိသူအသီးသီးမှ လှည့်လှည်ကြည့်ရှုစစ်ဆေး
ခဲ့ကြကြောင်း သိရှိရသည်။

No comments:
Post a Comment