Sunday, March 15, 2015

စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေး


မော်လမြိုင် မတ် ၁၄
မွန်ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များ၏ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မွန်ပြည်နယ် မော်လမြိုင် မြို့ မော်လမြိုင်တက္ကသိုလ် တလထောခန်းမ၌ မတ် ၈ ရက်က ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးသက် ဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဗဟိုအလုပ်အမှု ဆောင် ဦးရဲထက်ဦးက စာကြည့်တိုက်များ၏ ဝန်ဆောင်မှုမြှင့်တင်ရေးလုပ်ငန်းများကို ရှင်းလင်း ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း ရည်ရွယ်ချက် များကို ပြောကြားခဲ့သည်။ မွန်ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များ၏ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်း များ မြှင့်တင် ရန်၊ ပြည်သူ့စာကြည့်တိုက်အပေါ် ပြည်သူတို့၏ ထင်မြင် ယူဆချက်အသစ်များ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်များကို ကူညီပေးမည့် အဖွဲ့အစည်း များအား ဆက်သွယ် ဆောင်ရွက်နိုင်ရန်၊ ဝန်ဆောင် မှုလုပ်ငန်းများမြှင့် တင်ရာတွင် ခေတ် စနစ်နှင့် အညီ ဆောင်ရွက် နိုင်ရန်နှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍ တိုးတက်လာစေရန် စသည့်ရည်ရွယ် ချက်များဖြင့် ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ် စာကြည့်တိုက် အတွက် သုတရသစာအုပ်များကို ဗမာတိုင်းရင်း သားရေးရာဝန်ကြီး ဦးသက်ဝင်းက မော်လမြိုင် တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ထံ ပေးအပ် လှူဒါန်းသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးရဲထက်ဦးက စာကြည့်တိုက်ကို အများပြည်သူ သိရှိအောင် ဆောင်ရွက်ခြင်း စာတမ်းကို လည်း ကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေး ရှင်းနာယကအဖွဲ့ဝင် ဦးသိန်းလွင်က စာကြည့်တိုက် မှူးများ၏ စွမ်းရည် မြှင့်တင်ခြင်း စာတမ်းကို လည်း ကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေး ချက်များအပေါ် အခြေခံ၍ မိမိတို့ ဒေသအလိုက် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း များ မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့နေ ကြရသည့် အခက်အခဲများ၊ အဆိုပါအခက်အခဲ များအား ဖြေရှင်း ကျော်လွှားရမည့် နည်းလမ်းများကို ဆွေးနွေးပွဲ တက်ရောက် လာကြသူများ က အုပ်စုများခွဲကာ ဆွေးနွေး ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ မြန်မာနိုင်ငံ စာကြည့်တိုက် များဖောင်ဒေးရှင်း မှ တာဝန်ရှိသူများ၊ အမျိုးသားစာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဒေါက် တာ ဒေါ်ကေ သီထွေးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မော်လမြိုင် တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ပညာရေး ကောလိပ်များမှ စာကြည့်တိုက်မှူးများ၊ မွန် ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့် တိုက်မှူးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
(ပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment