Saturday, March 28, 2015

မြန်မာအမျိုးသားလေကြောင်း၊ မန္တလေးဌာနခွဲမှ ဧပြီ ၁ ရက်မှ စ၍ ခရီးစဉ်များ ပြောင်းလဲ ပျံသန်းပြေးဆွဲ သွားမည် မြန်မာ အမျိုးသားလေကြောင်း၊ မန္တလေးဌာနခွဲမှ ဧပြီ ၁ ရက်မှ စ၍ ခရီးစဉ်များ ပြောင်းလဲ ပျံသန်း ပြေးဆွဲသွားမည်


မန္တလေး မတ် ၂၇
မြန်မာအမျိုးသား လေကြောင်း၊ မန္တလေးဌာနခွဲအနေဖြင့် မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ကာလများ အပါအဝင် ပြည်သူ ခရီး သွားလာရာတွင် ခက်ခဲမှုမရှိစေရန်အတွက် ဧပြီ ၁ ရက်မှစတင်၍ လေယာဉ်ခရီးစဉ်များ ကိုပြောင်း လဲ ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ယင်းဌာနက သိရသည်။

ထိုပြောင်းလဲပြေးဆွဲသော ခရီးစဉ်များမှာ မန္တလေးမှ ရန်ကုန်သို့ တစ်ပတ်လျှင်  ငါးရက်၊ မြစ်ကြီးနားသို့ နေ့စဉ်၊ ဗန်းမော်သို့  တစ်ပတ်လျှင် နှစ်ရက်၊ ဟုမ္မလင်းမြို့သို့ တစ်ပတ်လျှင် သုံးရက်၊ ကျိုင်းတုံသို့ တစ်ပတ်လျှင် သုံးရက်၊ ခန္တီးသို့ တစ်ပတ်လျှင် သုံးရက်၊ ကလေးသို့ တစ်ပတ်လျှင် သုံးရက်၊ တာချီလိတ်သို့ တစ်ပတ်လျှင် လေးရက်နှင့် လားရှိုးသို့ တစ်ပတ်လျှင် နှစ်ရက်နှုန်းတို့ဖြင့်  ပြေးဆွဲပေး သွားမည်ဖြစ်သည်။
ပျံသန်းပြေးဆွဲမည့်ခရီးစဉ်များနှင့် လေယာဉ်လက်မှတ် ဈေးနှုန်းများကိုလည်း Online မှတစ်ဆင့် ဝင်ရောက် ကြည့်ရှု နိုင်ရန် စီစဉ်ထားပြီး မြစ်ကြီးနား၊ တာချီ လိတ်၊ ကျိုင်းတုံ၊ ခန္တီးနှင့် ဟုမ္မလင်းမြို့များအားယခင်ကထက် တိုးချဲ့ပျံသန်း ပြေးဆွဲပေးထားသည်။
''နောက်လဆိုရင် မြန်မာနှစ်သစ်ကူးလဖြစ်တဲ့ တန်ခူးလကိုရောက်တော့မယ်။ ရုံးပိတ်ရက်တွေလည်း များလာ တော့မယ်။ နောက်ပြီးမဟာသင်္ကြန်ကာလကလည်း နီးနေပြီဖြစ်တဲ့အတွက် အခုလို လေယာဉ် ခရီးစဉ်တွေ ကို ပြောင်းလဲပြီး ပျံသန်းပြေးဆွဲပေးတာပါ။
အဲဒီမနက်ကမှ မြစ်ကြီးနားခရီးစဉ်က နေ့စဉ်ဖြစ်သွားတယ်။ နောက်ပြီး မန္တလေး-ရန်ကုန်ခရီးစဉ်ကို တနင်္လာ၊ အင်္ဂါနဲ့ သော ကြာနေ့ နံနက်တိုင်းမှာ E-190EMBRAER (ဂျက်) လေယာဉ်နဲ့  တိုက်ရိုက်ခရီးစဉ်ကို ပြေးဆွဲ သွားမှာပါ။
အဓိကကတော့ သင်္ကြန်ကာလဖြစ်တဲ့ အတွက် အများပြည်သူ သွားလာနိုင် အောင်လို့ စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပါ တယ်။ နောက်ပြီးကျွန်တော်တို့ဌာနရဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ ဈေးနှုန်းတွေကို အများပြည်သူ ကြည့်ရှု နိုင်အောင်လို့လည်းOnline ပေါ်မှာ တင်ပေးထားပါတယ်''ဟု မြန်မာ့လေကြောင်း မှ မန္တလေးဌာနခွဲ မန်နေဂျာက ပြောကြားသည်။ အဆိုပါ ခရီးစဉ်များပျံသန်းပြေးဆွဲရာတွင်လည်း E-190EMBRAER(ဂျက်)နှင့် ATR(72) လေယာဉ်များဖြင့် မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပျံသန်းပြေးဆွဲပေးသွား မည်ဖြစ်သည်။
လေယာဉ်လက်မှတ်ဈေးနှုန်းများ အနေ ဖြင့် မန္တလေးမှ ရန်ကုန် သို့ တစ်ဦးလျှင် ကျပ် ၅၂ဝဝဝ၊ ဗန်းမော်သို့ ကျပ် ၅၇ဝဝဝ၊ ဟုမ္မလင်းသို့ ကျပ် ၇၁ဝဝဝ၊ ကျိုင်းတုံသို့ ကျပ် ၇၆ဝဝဝ၊ ခန္တီးသို့ ကျပ် ၆၆ဝဝဝ၊ကလေးသို့ ကျပ် ၅၈ဝဝဝ၊ မြစ်ကြီးနားသို့ ကျပ် ၅၈ဝဝဝ၊ တာချီလိတ်သို့ ကျပ် ၈၂ဝဝဝနှင့် လားရှိုးသို့ ကျပ် ၅၁ဝဝဝတို့ဖြင့် ယခုချိန် မှစတင်၍ ရောင်းချပေးလျက်ရှိသည်။

အသေးစိတ် သိရှိလိုပါက မြန်မာအမျိုးသားလေကြောင်း၊ မန္တလေးဌာနခွဲ (ဖုန်း ဝ၂-၃၆၂၂၁၊ ဝ၂-၃၆၂၂၂)နှင့် အရောင်း ကိုယ်စားလှယ် များတို့သို့ ဆက် သွယ်စုံစမ်း နိုင်ကြောင်းနှင့် www.flymna.com မှ လည်း ပျံသန်း ပြေးဆွဲ မည့်ခရီးစဉ် များကို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment