နေပြည်တော်၊ မတ်-၁၈
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျေးရွာများသို့ အပတ်စဉ် အလှည့်ကျ
ကွင်းဆင်း၍ ရွေ့လျား စာကြည့်တိုက် စနစ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်များကို
ငှားရမ်းပေးလျက်ရှိရာ မတ်(၁၈)ရက် နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူသွယ်ထွန်းနှင့် ၀န်ထမ်းများသည် ဒက္ခိဏသီရိမြို့နယ်၊
ရန်အောင်မြင် ကျေးရွာအုပ်စု၊ ဇီးဖြူကုန်း ကျေးရွာသို့ သွားရောက်၍ ကျေးလက်နေ ပြည်သူများအား
ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင် များကို အခမဲ့ငှားရမ်း ပေးခဲ့ကြသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင် (၃၀၀)ကျော် ပါရှိပြီး
ကျေးလက်နေ ပြည်သူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင် (၆၉)အုပ်ကို ငှားရမ်းပေးခဲ့ကြပြီး
ငှားရမ်းပေးခဲ့သည့် စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျင် စာအုပ်အသစ်များဖြင့် လဲလှယ်
ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment