သရက် မတ် ၁၈
မကွေးတိုင်းဒေသကြီး
သရက်မြို့တွင် သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ
ကြီးမှူးကျင်းပသည့် စာကြည့်တိုက်များ ဝန်ဆောင် မှု မြှင့်တင်ရေး
အလုပ်ရုံဆွေးနွေးပွဲကို မတ် ၁၆ ရက်ကသဟာယ စာကြည့် တိုက် အတွင်း ကျင်းပရာ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန်လှိုင်တက်ရောက်၍ အဖွင့်အမှာစကား
ပြောကြားပေးခဲ့သည်။
ထို့နောက်
မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအေးဝေက ကြိုဆိုနှုတ်ဆက် စကားပြောကြားပေးပြီး
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား အကျယ် တဝင့် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ စာကြည့်တိုက်များ
ဝန် ဆောင်မှုမြှင့်တင်ရေးအလုပ်ရုံဆွေး နွေးပွဲကို သရက်ခရိုင်အတွင်းရှိ
မြို့နယ်ဦးစီးမှူးနှင့် စာကြည့် တိုက်မှူး ၁၂ ဦး၊ အခြေ ခံကျောင်းများ၊
ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူး ၄ဝ၊ စုစုပေါင်း ၅၂ ဦးဖြင့်
မတ် ၁၆ရက်မှ ၁၇ရက်ထိ နှစ်ရက် ကျင်းပမည်ဖြစ်ပြီး သရက်မြို့နယ် စာရေးဆရာအသင်း၊
စာပေဝါသနာရှင် အငြိမ်း စားပညာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်
ရွက်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment