Thursday, March 12, 2015

လားရှိုးမြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ငွေကျပ်(၂၀၆)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀၀)ပြား အလေးချိန်(၁.၀၃)ကီလို အား တရားခံ(၂)ဦးနှင့်‌အတူ ဖမ်းဆီးရမိ



လားရှိုး  မတ် ၁၂
၁၁-၃-၂၀၁၅ ရက်နေ့ ၁၁း၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့်‌ လားရှိုး ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ လားရှိုးမြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးတွင် စောင့်ဆိုင်းနေစဉ် စယ်အူကျေးရွာမှ လားရှိုးမြို့ဘက်သို့ ဆိန့်ဝမ်(ကျား)မောင်းနှင်ပြီး လုံဖူ(ကျား) စီးနင်း လိုက်ပါလာသော ၄၁ ယ/၄၂၈၈၀ နံပါတ်ပါ Haojue – 150 အမျိုးအစား နီ/နက်ကြား ဆိုင်ကယ်အား ရပ်တန့်ခိုင်းစဉ် ဆိန့်ဝမ်(ကျား)မှ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းထွက်ပြေးရန်
အားထုတ်သဖြင့်‌ တပ်ဖွဲ့ဝင်များမှ ဝိုင်းဝင်းဖမ်းဆီးစဉ် ပြန်လည်ခုခံတိုက်ခိုက်၍ လုံးထွေးဖမ်းဆီးခဲ့ပြီး သက်သေများနှင့်‌အတူ စစ်ဆေးရှာဖွေရာ ၎င်း၏ခန္ဓာကိုယ်တွင် လွယ်ထားသော LEVI’s စာတမ်းပါ ကာကီရောင် ဂျင်းလွယ်အိတ်အတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာ အိတ်ငယ်အတွင်းထည့်လျှက် 88 နှင့်‌ 1 စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ (၅၁)ထုပ်၊ (၁၀၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်း ဆေးပြား(၅၂)ထုပ်၊ ဆေးပြား(၁၀၃၀၀)ပြား၊ အလေးချိန်(၁.၀၃)ကီလိုဂရမ်နှင့်‌ မြန်မာငွေစက္ကူ တစ်ထောင်ကျပ်တန်(၁၀၀)ရွက်၊ စုစုပေါင်း မြန်မာငွေကျပ်(၁)သိန်းအား ရှာဖွေတွေ့ရှိရာ ဆိန့်ဝမ်(ကျား)မှ လုံဖူ(ကျား)နှင့်‌အတူ ၎င်းကိုယ်တိုင် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများ ဖြစ် ကြောင်း ပြောပြအပ်ပေးသဖြင့်‌ သိမ်းဆည်းခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ် ဆောင်လာသူနှင့် ရောင်းချပေးလိုက်သူ (က)ဆိန့်ဝမ်(ကျား)၊ အသက်(၃၆)နှစ်၊ (ဘ)ဦးချောက်တယ်၊ ၁၃/ကလတ(နိုင်) ၀၃၂၅၉၂၊ မြောင်စီး/နတ်၊ တောင်ယာ၊ ဘူတာရပ်ကွပ်၊ နောင်ချိုမြို့။ (ခ)လုံဖူ (ကျား)၊ အသက်(၃၉)နှစ်၊ (ဘ) ဦးချောက်ဝမ်၊ TMN - ၀၁၆၂၈၅၊‌မြောင်စီး/နတ်၊ တောင်ယာ၊ စယ်အူကျေးရွာ၊ သိန်းနီမြို့နယ် နှစ်ဦးတို့အား လားရှိုးမြို့မ ရဲစခန်း မယ(ပ) ၃၃/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment