Thursday, March 12, 2015

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုကျင်းပ



ရေဖြူ   မတ် ၁၀       
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊မြို့နယ် ကျန်းမာရေးဦးစီးဌာနက အာဟာရဖွံ့ဖြိုးရေး ရက် သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို မြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မတ်လ(၁၀)ရက် နံနက်(၇းဝ၀)နာရီက ကျင်းပခဲ့သည်။  
     
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဆရာမ ဒေါ်ယဉ်ယဉ်စွမ်က (၅)နှစ် အောက်ကလေးများကို ဗီတာမင်အေ ဆေးနှင့် သံချဆေးများကို တိုက်ကျွေးခဲ့သည်။ အခမ်းအနားသို့ (က)+(ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။

No comments:

Post a Comment