မန္တလေး
မတ် ၂၁
မြန်မာရုပ်ရှင် အဆင့်အတန်း မြင့်မားစေရေး အတွက်
ရုပ်ရှင်ရုံများ အဆင်မြှင့်တင်ခြင်း လုပ်ငန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
မန္တလေးမြို့ရှိ မြို့ဂုဏ်ရောင်စီနီပလက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့
ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနှင့် ၈၃ လမ်းထောင့်ရှိ
အဆိုပါ ရုပ်ရှင်ရုံ မျက်နှာစာ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး
ဒေါက်တာ မြင့်ကြူ အေစီအီး ဆောက်လုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစံကိုကိုတင့်ဆန်းနှင့်
Mega Ace Cine Plex Executive Director ဒေါ်မိုးနွေဦးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်နှင့် ဦးစံကိုကိုတင့်ဆန်းတို့က မြို့ဂုဏ်ရောင် စီနီပလက် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍
ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး
အမှုဆောင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ ဖိတ်ကြားထားသော
ဧည့်သည်တော်များ ရုပ်ရှင်ချစ် မိဘပြည်သူများက မြို့မဂုဏ်ရောင် ရုပ်ရှင်ရုံ အဆင့်မြင့်တင်ရေး
လုပ်ငန်း ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုပြီး ဒီဂျစ်တယ်စနစ်ဖြင့် ရုပ်ရှင်ပြသမှုများကို
ကြည့်ရှု အားပေးခဲ့ကြသည်။
မန္တလေးမြို့တွင် နိုင်ငံပိုင် ရုပ်ရှင်ရုံ
(၅)ရုံရှိပြီး ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းခွင့်ပြု ထားသည့် ရုံ(၄) ရုံအနက် ယနေ့
ဖွင့်လှစ်သော မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံသည် ဒီဂျစ်တယ် စနစ်ဖြင့် ပြသနိုင်သော DCP
(Digital Cinema Package) စနစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်သည့် တတိယမြောက် ရုပ်ရှင်ရုံဖြစ်သည်။
DCP စနစ်ဖြင့် ပြသနိုင်သော ရုပ်ရှင်ရုံများ
ဖြစ်ပေါ်လာရေး အတွက် နိုင်ငံတော်က ၂၀၀၃ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ ဂုဏ်ရောင်
ရုပ်ရှင်ရုံသည် နိုင်ငံတစ်ဝန်းတွင် နှစ်ရှည်ငှားရမ်း
လုပ်ကိုင် ခွင့်ပြုထားသည့် နိုင်ငံပိုင်ရုပ်ရှင် (၂၇)ရုံ အနက် (၁၅)ရုံမြောက်အဖြစ် ဖွင့်လှစ်နိုင်သော
ရုပ်ရှင်ရုံဖြစ်သည်။
နိုင်ငံတော်က ပုဂ္ဂလိက လုပ်ငန်းရှင်များသို့
အပြီးရောင်းချခဲ့ပြီး ရုပ်ရှင်ရုံများ အနက် ရုပ်ရှင်ရုံ နှစ်ရုံသည် DCP စနစ်သို့ ပြောင်းလဲခဲ့ပြီး
ဖြစ်သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များက ၎င်းတို့အစီအစဉ်ဖြင့် ဆောင်ရွက်သည့် DCP ရုပ်ရှင်ရုံ
(၁၅)ရုံရှိသဖြင့် စုစုပေါင်း DCP စနစ်ဖြင့် ပြသနိုင်သော ရုပ်ရှင်ရုံ (၃၂)ရုံရှိပြီ
ဖြစ်ကြောင်း ပိတ်ကား အရေအတွက်မှာ (၄၂)ခုရှိကြောင်း သိရသည်။
နိုင်ငံတော်က နှစ်ရှည် ငှားရမ်းထားသော ရုပ်ရှင်ရုံများကို
ဖလင်ဖြင့် ပြသခြင်းမှ ဒီဂျစ်တယ်စနစ်ဖြင့် ပြသနိုင်သော ရုပ်ရှင်ရုံများ အဖြစ် ပြောင်းလဲရေးနှင့်
အပြီး ရောင်းချခဲ့သော ရုပ်ရှင်ရုံများကို မူလ စည်းကမ်းချက်ပါ အတိုင်း ရုပ်ရှင်များ
ပြသနိုင်ရေး ဒီဂျစ်တယ်စနစ်ဖြင့် ပြသနိုင်သော ရုပ်ရှင်ရုံများ ပေါ်ထွက်လာရေး အတွက် မြန်မာ့ရုပ်ရှင်
မြှင့်တင်ရေး ဦးစီးဌာနက တာဝန် ရှိသူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း
သိရှိရသည်။


No comments:
Post a Comment