ဦးဝင်ဌေး
B.A,R.L
တရားလွှတ်တော်ရှေ့နေ
တရားလွှတ်တော်ရှေ့နေ
အမျိုးသားပညာရေး ဥပဒေကို
ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူများ သိရှိအကြံပြုနိုင်ရန် (၁၈-၂- ၂ဝ၁၅) နေ့ထုတ် မြန်မာ့အလင်း
သတင်းစာတွင် ဖော်ပြပါရှိပါသည်။ ဤဥပဒေကြမ်းအား လေ့လာပြီး အကြောင်းအရာ တစ်ခုကို ပြည်သူများ
ရှင်းလင်းစွာသိရှိရန် အကြံပြုသင့် သည်ဟု ယူဆပါ၍ ပြည်သူတစ်ဦးအနေဖြင့် ဤအကြံပြု ရှင်းလင်းတင်ပြ
ချက်ကို ရေးသားပေးပို့ပါသည်။ အချို့သောပုဂ္ဂိုလ်များမှ အကြံပြုချက်များ ရေးသားကြရာတွင်
ဥပဒေကြမ်းပါ ပြင်ဆင်ချက်များကြောင့် ဆေးတက္ကသိုလ် များတွင် ကျောင်းသားများ စုပြုံလျှောက်ထားကြ
မည်ဖြစ်၍ အခက်အခဲဖြစ် မည်ဟု ဖော်ပြအကြံပြုထားသည်ကို တွေ့ရပါသည်။ မိမိမှာလည်း ၁၉၆၁ ခုနှစ်က
ရန်ကုန်တက္ကသိုလ်သို့ ရောက်သူဖြစ်ပါသည်။ အမျိုးသားပညာရေး
ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းပုဒ်မ
၂၂ (က) ပုဒ်မခွဲ (ဂဂ) တွင် ''အခြေခံပညာပြီးဆုံးသည့် ကျောင်းသား/ကျောင်းသူများအားလုံး
အဆင့်မြင့် ပညာ ကဏ္ဍတွင် လွတ်လပ်စွာ ဘာသာရပ်ရွေးချယ်သင်ယူခွင့်ရှိမည်'' ဟု အစားထိုးပြင်ဆင်လိုကြောင်း
တင်ပြထား သည်မှာ အောက်ပါအတိုင်း ဆိုလို ရင်းအဓိပ္ပာယ်ဟု ယူဆရကြောင်းရှင်းလင်း တင်ပြလိုပါသည်။
၁၉၆ဝ ပြည့် နှစ်က ၁ဝ-တန်းအောင်မြင်သူတစ်ဦးသည် ၁ဝ-တန်း(ခေါ်) တက္ကသိုလ်ဝင် တန်း၌ သင်ယူရသော
ဘာသာရပ် များမှာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ(၁)၊ သင်္ချာ(၂)၊ အထွေထွေသိပ္ပံ၊ ပထဝီ၊ သမိုင်း
ဘာသာရပ်များ ဖြစ်ပါသည်။ ထိုစဉ်က ၁ဝ-တန်းမှ ရရှိသောအမှတ်များဖြင့် တက္ကသိုလ်၌ ဆေးတက္ကသိုလ်၊
စက်မှုတက္ကသိုလ် စသည်ဖြင့် တိုက်ရိုက်ရွေးချယ်သင်ကြား ခွင့်မရှိပါ။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့်
ဆေးတက္ကသိုလ်တက်လို သည့် ကျောင်းသား/ကျောင်းသူသည် ရန်ကုန်တက္ကသိုလ်၌ ရူပဗေဒ၊ ဓာတု ဗေဒ၊
ဘိုင်အိုခေါ် ရုက္ခဗေဒ၊ ဇီဝဗေဒ ဘာသာတွဲများကို မိမိဆန္ဒအရ သင်ယူပြီး ဥပစာသိပ္ပံ (ခ) တန်းတွင်
ဘာသာရပ်တိုင်း အမှတ်ပျမ်းမျှ (၆ဝ) ရာနှုန်းရပါမှ ဆေးတက္ကသိုလ်သို့ First Year
M.B.B.S Junior တန်း၌ ဆက်လက် သင်ကြားခွင့်ရမည်ဖြစ်ပါသည်။
စုစုပေါင်း ၇-နှစ်တက်ရပါသည်။
ထို့အတူ စက်မှုတက္ကသိုလ် (R.I.T) သို့ တက်ရောက်လိုသော တက္ကသိုလ် ဝင်တန်းအောင်မြင်သူ ကျောင်းသား
ကျောင်းသူများသည် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာဘာသာတွဲ ကိုယူပြီး ဥပစာ သိပ္ပံ (ခ) တန်းတွင်
ဘာသာတိုင်း ပျမ်းမျှ ၆ဝ မှတ်နှုန်းရရှိမှသာ စက်မှုတက္ကသိုလ် တွင် တတိယနှစ် အဖြစ် ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။
စုစုပေါင်း ၆-နှစ် ဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်ကိုဆိုလိုကြောင်း
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ပုဒ်မ ၁၇ တွင် အမျိုးသားပညာရေးဥပဒေပုဒ်မ
၎ ပုဒ်မခွဲ (ဇ) အား ပုဒ်မခွဲ (ဌ) အဖြစ် အောက်ပါအတိုင်း အစားထိုးရမည်။
''တက္ကသိုလ်ဝင်ခွင့်အတွက်
သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ် ကျောင်းသားကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိရန်၊ တက္ကသိုလ်ဝင်ခွင့်သည်
အခြေခံ ပညာအထက်တန်းစာမေးပွဲရမှတ်ဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ သင်ယူ မည့် ဘာသာရပ်၏ လိုအပ်ချက်အရ
ကျောင်းသားများ၏ လေ့လာသင်ယူထားရှိမှု အပေါ် အခြေခံရွေးချယ်ရန်'' ဟု ပြင်ဆင်ရန် ဖော်ပြထားမှုမှာ
အထက်ပါ မိမိရှင်းလင်းတင်ပြသည့်အတိုင်း သင်ယူမည့် ဘာသာရပ်၏ လိုအပ်ချက်အရ ကျောင်းသားများ၏
လေ့လာသင်ယူထားရှိမှုဖြစ်သည့် ဥပစာသိပ္ပံ(ခ)တက္ကသိုလ်ဒုတိယနှစ်တွင် တက္ကသိုလ်၌ ကျောင်းသား/ကျောင်းသူ၏ဆန္ဒအရ
ရွေးချယ်သင်ယူသည့် ဘာသာရပ်များဖြစ်သော ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (ဆေးတက္ကသိုလ်တက်ရန်ဘာသာ)နှင့်
ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ (စက်မှုတက္ကသိုလ် တက်ရန်ဘာသာ) ရပ်များမှ ရရှိသောအမှတ် ပျမ်းမျှ
၆ဝ ရာခိုင်နှုန်းရရှိမှသာ ဆေးတက္ကသိုလ်နှင့် စက်မှု တက္ကသိုလ်များသို့ တက်ရောက် ခွင့်ရရှိမည့်သဘောကို
အမျိုးသားပညာရေးဥပဒေ၌ ထည့်သွင်းပြင်ဆင် ပြဋ္ဌာန်းရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရပါကြောင်း
ရှင်းလင်းတင်ပြ အပ်ပါသည်။
၁၉၆၁ ခုနှစ် အချိန်တွင်
အထက်ဖော်ပြပါ ဘာသာတွဲများကို ရန်ကုန် တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်၌ ဥပစာသိပ္ပံ(ခ)အတန်းအထိ
၂-နှစ် တက်ရောက်ရပါသည်။ ထိုသို့ ၂-နှစ်တက်ပြီး ဘာသာရပ်အားလုံး၏ ပျမ်းမျှ ၆ဝ ရာခိုင်နှုန်းမကျော်လွန်ပါက
ရိုးရိုးသိပ္ပံဘွဲ့ကိုသာ နောက်ထပ် ၂-နှစ်၊ စုစုပေါင်း ၄-နှစ် တက်ရောက် ရယူရပါသည်။ ကျွန်တော်သည်
၁၉၆ဝ ပြည့် နှစ်က ၁ဝ-တန်းအောင်မြင်ပြီး ဘာသာရပ်တိုင်း အမှတ်များ၍ ပထမဆင့် အမှတ် ၆ဝ
ရာနှုန်းဖြင့် အောင်မြင်ပါသည်။ သို့ရာတွင် မိမိမှာ ဝိဇ္ဇာပညာရပ်ကို ဝါသနာထုံသူ တစ်ဦးဖြစ်၍
ဝိဇ္ဇာပညာရပ် Arts ဘာသာတွဲဖြစ်သော စိတ်ကြိုက်မြန်မာစာ၊ သမိုင်း၊ ပထဝီဘာသာတွဲဖြင့် မိမိဆန္ဒအရ
ရွေးချယ်ပြီး ဝိဇ္ဇာဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်ပါသည်။ ထို့အတူ အထက်ဖော်ပြပါ ဆေး တက္ကသိုလ်သို့
တက်ရောက်နိုင်သည့် ဘာသာတွဲနှင့် စက်မှုတက္ကသိုလ်သို့ တက်ရောက်နိုင်သည့် ဘာသာတွဲများကို
တက္ကသိုလ် ဥပစာသိပ္ပံ(ခ) တန်းခေါ် ဒုတိယနှစ်တွင် ဘာသာရပ်တိုင်း အမှတ် ၆ဝ ရာခိုင်နှုန်း
မကျော်၍ နောက် ထပ် ၂-နှစ်တက်ပြီး ရိုးရိုးသိပ္ပံဘွဲ့ရရှိသူများလည်းရှိပါသည်။ ထိုစဉ်က
စီးပွားရေးတက္ကသိုလ်မပေါ်ပေါက်သေးပါ။ ဝိဇ္ဇာပညာရပ် ဘာသာတွဲတွင် ဘောဂဗေဒပညာရပ်ကို အခြားဘာသာများနှင့်အတူ
ယူရပါသည်။ ဥပမာ-သမိုင်း၊ ပထဝီ၊ ဘောဂဗေဒဟူ၍ယူပြီး ဘွဲ့ရသောအခါ ဝိဇ္ဇာဘွဲ့(ဘောဂဗေဒ)၊
B.A with Eco ရပါသည်။ သို့ပါ၍ အထက်ဖော်ပြပါစနစ်မှာ ဆေးတက္ကသိုလ် တစ်ခုတည်းတွင် ကျောင်းသားများ
စုပြုံလျှောက်ထားနေသည်ဆိုသော ထောက်ပြဝေဖန်မှုများမှာ မှန်ကန်မှုရှိသည်ဟု မဆိုနိုင်ပါကြောင်း
တင်ပြ အပ်ပါသည်။
နိဂုံးချုပ်အနေဖြင့်
တင်ပြလိုသည်မှာ မိမိအနေဖြင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းအား ထောက်ခံခြင်း၊
ကန့်ကွက်ခြင်း မပြုလိုပါ။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ပုဒ်မ ၁၇
ပုဒ်မခွဲ ၄ ပုဒ်မခွဲ(ဇ)အား ပုဒ်မ(ဌ)အဖြစ် အစားထိုးခြင်းနှင့် အမျိုးသား ပညာရေးဥပဒေကို
ပြင်ဆင် သည့် ဥပဒေ ပုဒ်မ ၂၂ (က) ပုဒ်မခွဲ(ဂဂ)တွင် ဖော်ပြပါရှိသည့် ''အခြေခံပညာ ပြီးဆုံးသည့်
ကျောင်းသူ/ ကျောင်းသားများ အားလုံး အဆင့်မြင့်ပညာကဏ္ဍတွင် လွတ်လပ်စွာ ဘာသာရပ်ရွေးချယ်
သင်ယူခွင့်ရှိမည်'' ဆိုသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ အဆိုပြုတင်ပြချက်အပေါ်
ပြည်သူများ ရှင်းလင်းစွာ သဘောပေါက်နိုင်ရန် တင်ပြအပ်ပါသည်။
No comments:
Post a Comment