Wednesday, March 25, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟယ်လင်းနစ်သမ္မတနိုင်ငံ အမျိုးသားနေ့ သဝဏ်လွှာပေးပို့



နေပြည်တော် မတ် ၂၅
၂၀၁၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော ဟယ်လင်းနစ် သမ္မတ နိုင်ငံ၏ အမျိုးသားနေ့ အခါ သမယ၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ဟယ်လင်းနစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရိုကိုပီစ် ပါဗလိုပူလော့စ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

အလားတူ ၂၀၁၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော ဟယ်လင်းနစ်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဟယ်လင်းနစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အဲလက်ဇစ်(စ်)စီပရာ့စ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

No comments:

Post a Comment