နေပြည်တော်
မတ် ၈
မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊
နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများ အကြား အစည်းအဝေးကို ယနေ့ နံနက် (၀၉၀၀)နာရီမှ
(၁၂၃၀) နာရီအထိ ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ
ဝန်ကြီး ဗိုလ်ချုပ် အောင်သော်တို့မှ ပူးတွဲ ဦးဆောင်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကိုယ်စားလှယ်
အဖွဲ့ကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လျိုကျန်းမင်က ဦးဆောင်ကာ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များသည်
နှစ်နိုင်ငံ ချစ်ကြည်ရေးကို အခြေခံကာ နှစ်နိုင်ငံ နယ်စပ် ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု
ထိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိုးမှု တည်ဆောက်ရေးတို့ အပေါ် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်သွားရန်နှင့်
ကိုးကန့်ဒေသမှ တိုက်ပွဲရှောင် ပြည်သူများ မိမိနေရပ်များသို့ ဘေးကင်း လုံခြုံစွာ အမြန်ဆုံး
ပြန်နိုင်ရေးတို့ကို ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကိုယ်စားလှယ် အဖွဲ့သည်
ယနေ့ နေ့လည်ပိုင်းတွင် မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment