Sunday, March 22, 2015

မိုင်းယောင်းမြို့တွင် မီးလောင်မှုဖြစ်ပွား


မိုင်းယောင်း မတ် ၂၂

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ အမှတ်(၇) ရပ်ကွက် ဗလမင်းထင်လမ်း၊ အိမ်အမှတ် (၇/၇) ဒေါ်တင်တင်စွမ်း ၏ နေအိမ် တော်ဝင်စတိုး ကုန်စုံဆိုင်မှ ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က
စတင်ပြီး မီးလောင် ကျွမ်းမှု ဖြစ်ပွားရာ လူနေအိမ် ၄ လုံး မီးလောင်းကျွမ်းခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကို နယ်မြေခံ တပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများက ဝိုင်းဝန်း မီးငြိမ်း သတ်ကြရာ ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မီးညွှန့်ကြိုးသွားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment