နေပြည်တော် မတ် ၆
ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား ထိုင်းနိုင်ငံ၊
ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် General Sirichai Distakul ဦးဆောင်သော ကိုယ်စား
လှယ်အဖွဲ့မှ ယနေ့ နံနက် ၉ နာရီခွဲ တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး
ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဧည့်သည် မှ ပြောကြားရာ၌ ပြီးခဲ့သည့်နှစ် အာဆီယံအလှည့်ကျ
ဥက္ကဋ္ဌ လက်ထက် အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် ဧည့်ဝတ်ကျေပွန်မှု၊ ထောက်ပံ့ကူညီ
မှုများအတွက် များစွာကျေးဇူးတင်ရှိ ကြောင်း၊ နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်း၊ ချစ်ကြည်ရေး၊ ယုံကြည်ရေး ပိုမိုတည်ဆောက်သွားမည်
ဖြစ် ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်အဆင့် မြင့်အရာရှိကြီးများအကြား အပြန် အလှန်လည်ပတ်မှုများ
တိုးမြှင့်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တပ်အချင်းချင်းသာမက
အခြားသောအဖွဲ့အစည်းများ အချင်း ချင်းလည်း အပြန်အလှန် သွားလာ လည်ပတ်မှုများ လုပ်ဆောင်သွားလို
ကြောင်း၊ ထိုင်းနိုင်ငံတွင် နိုင်ငံ တည်ငြိမ်အေး ချမ်းရေး အတွက် လုပ်ငန်းစဉ်(၅)ရပ်
ချမှတ်လုပ်ဆောင် လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ် သမားများနှင့် ပတ်သက်
၍လည်း ဥပဒေနှင့်အညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် နယ်စပ်တစ်လျှောက်
စီးပွား ရေးဇုန် ထူထောင်ထားရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန်
ဖိတ်ခေါ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားရာ တွင် ထိုင်းနိုင်ငံအနေဖြင့်
အာဆီယံ အစည်းအဝေးများတွင် မြန်မာနိုင်ငံအား ထောက်ခံပေးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊
ထိုင်းနိုင်ငံ၌ တပ်မတော် အစိုးရ တာဝန်ယူထား ချိန်တွင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်
သမားများအရေး ဂရုစိုက်ဆောင်ရွက် ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်ပြီးလည်း ဥပဒေနှင့်အညီ
ကူညီစောင့်ရှောက်ပေးရန် တောင်းဆို ကြောင်း ပြောကြားသည်။
ထိုတွေ့ဆုံပွဲသို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ တာဝန်ရှိသူများ
တက်ရောက် ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment