နေပြည်တော်
မတ် ၂၁
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုများ
အပေါ် တာဝန်ရှိသူများက ရှင်းလင်း ထိန်းသိမ်းခဲ့မှုအား ကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖော်မှုများကို
ယနေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌် ပြုလုပ်ခဲ့သည်။
မန္တလေးမြို့တွင် ယနေ့နံနက် (၉)နာရီခန့်က အင်အား
၁၂၀ ဦးခန့်သည် ဆိုင်းဘုတ်များ ကိုင်ဆောင်၌ ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခြင်းကို
(၈၄ x ၃၅)လမ်း မြတောင် ကျောင်းတိုက် အနီးမှစ၍ လမ်း ၈၀ အတိုင်း (၃၀ x ၈၀)လမ်းဆုံ၊ ၎င်းမှ
လမ်း ၃၀ အတိုင်း (၃၀ x ၈၄)လမ်းဆုံ ၎င်းမှ ၈၄လမ်းအတိုင်း (၃၄ x ၃၅)လမ်းကြားအထိ ခွင့်ပြုချက်
ရယူပြုလုပ်ခဲ့ပြီး နေ့လည်(၁၂)နာရီခန့်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့တွင် တာမွေမြို့နယ် ဟစ်တိုင်ကွင်း၌
ခွင့်ပြု ထားရှိသော်လည်း ယနေ့မွန်းလွဲ ၄ နာရီခွဲခန့်က အင်းယား ကန်ပေါင်ပေါ်တွင် အင်အား
၆၀ ဦးခန့်သည် မိုးပျံပူပေါင်းများနှင့် ဆိုင်းဘုတ်အချို့ ကိုင်ဆောင်၍ ကဗျာရွတ်ဆိုခြင်း၊
ဟောပြောခြင်း၊ ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ပြီး ညနေ ၆ နာရီခွဲခန့်တွင် လူစုကွဲသွား
ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment