ညောင်ဦး၊ ဖေဖော်ဝါရီ
၉
နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှု
လွယ်ကူချောမွေ့စွာသွားလာနိုင်ရေး အတွက် မြို့ပြ၊ ကျေးလက်မကျန် လမ်းဟောင်းများပြုပြင်ခြင်း၊
လမ်းသစ်များတိုးချဲ့ခြင်းနှင့် လမ်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ
ဆောက်လုပ်ရေးဝန်ကြီးဌာနက မြတ်နိုးသူကုမ္ပဏီကို ညောင်ဦး - မြင်းခြံ၊ ညောင်ဦး - ကျောက်ပန်းတောင်း၊
ကျောက်ပန်းတောင်း- မိတ္ထီလာ စုစုပေါင်း လမ်းအရှည်ပေ(၁၃၄)မိုင် ခန့်အား(BOD)စနစ်ဖြင့်
လမ်းပြင်ဆင်ခြင်းများ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် မြတ်နိုးသူကုမ္ပဏီက
ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ လွယ်ကူချောမွေ့စွာသွား
လာနိုင်ရေးအတွက် မိုးရေတိုက်စားခြင်းကြောင့် ပျက်စီးနေသည့် ညောင်ဦး - ကျောက်ပန်းတောင်း
နှစ်လမ်းသွား တောင်ရှေ့ ရေကျော်ချောင်း အရှည်ပေ(၆၀၀)ကို ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းဖြင့်
ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ညောင်ဦး - ကျောက်ပန်းတောင်း နှစ်လမ်းသွားဖြစ်သည့်
တောင်ရှေ့ရေကျော်ချောင်း ကတ္တရာ ထပ်ပိုးလွှာခင်း ခြင်းလုပ်ငန်းကို မြတ်နိုးသူကုမ္ပဏီမှ
ဦးကျော်မိုးထွန်း (စီမံကိန်းမန်နေဂျာ) က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကုမ္ပဏီ၏
ရင်းနှီးမြှပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လမ်းတည်ဆောက်ခြင်း၊ လမ်းများ ထိန်းသိမ်းခြင်းနှင့်
အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဖြစ်သည့်အတွက် လမ်းများပြုပြင်ရာ၌ သတ်မှတ်စံချိန်
စံညွှန်းနှင့် အညီ အမြန်ပြီးစီးနိုင်ရေး နေ့စဉ်ကြီးကြပ်ဆောင်လျက်ရှိ ကြောင်း၊ တောင်ရှေ့
ရေကျော်ချောင်း ကတ္တရာထပ်ပိုးလွှာ ခင်းလုပ်ငန်းပြီးစီးသွားပါက ညောင်ဦး - ကျောက်ပန်းတောင်းလမ်း
မရောင့်ရဲ ရေကျော် ချောင်းအရှည်(၂)ဖာလုံခန့်အား သွားလာရေးလွယ်ကူစေရန် လာမည့်နှစ်မိုးမကျမီအချိန်အတွင်း
ရေလွှဲ ရေတာ ဘောင်များနှင့် လမ်းပြုပြင်ခြင်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
စီမံကိန်းမန်နေဂျာ ဦးကျော်မိုးထွန်း က ပြောပြ၍ သိရသည်။


No comments:
Post a Comment