နေပြည်တော် ဖေဖော်ဝါရီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကျင်းပ ရေးဦးစီးကော်မတီနာယက
ဒေါက်တာ မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီ ၃၁ ရက် နံနက် ၁ဝ နာရီက ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌
မြန်မာနိုင်ငံ ကလေးများနေ့ စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးဌာန များမှ
အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ရာတွင် ဖေဖော်ဝါရီလ ၁၃ ရက်
သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁ဝဝပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများ
နေ့ဖြစ်သောကြောင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့များ၌ အထိမ်းအမှတ် အခမ်းအနားများ
ကျင်းပပြုလုပ်နိုင် ရေးအတွက် မြန်မာနိုင်ငံကလေး များနေ့ ကျင်းပရေးစီမံချက်အား တိုင်းဒေသကြီး/
ပြည်နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ယနေ့ လူငယ် လူရွယ်များ၏ စိတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏
နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမျှော်အမြင်ကြီးမှုနှင့် အမျိုးသား ရေးစိတ်ဓာတ်တို့ကိန်းအောင်းစေရေး
အတွက် ဗိုလ်ချုပ်မွေးနေ့နှင့် မြန်မာ နိုင်ငံကလေးများနေ့တို့ ပေါင်းစပ် ကျင်းပမည့်
အခမ်းအနားတွင် ဗိုလ်ချုပ် ၏ မွေးဖွားကြီးပြင်းလာမှု၊ မြန်မာ နိုင်ငံ လွတ်လပ်ရေးကြိုးပမ်းဆောင်
ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် စကား ရည်လုပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စာစီစာကုံး၊
ဆောင်းပါး၊ ကဗျာပြိုင်ပွဲ များနှင့် အခြားပျော်ပွဲရွှင်ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး
ရှိ ခရိုင်၊ မြို့နယ်များတွင် စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် တက်ညီလက်ညီ
ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ကျင်းပသကဲ့သို့ ကမ္ဘာအရပ်ရပ်တွင်
နိုင်ငံတိုင်းက အမှတ်တရဖြစ်သည့် နေ့ထူးနေ့မြတ်ရက်ကို ကလေးများနေ့ အဖြစ် သတ်မှတ်ပြီး
နှစ်စဉ် ကျင်းပ လျက်ရှိပါကြောင်း၊ အထိမ်းအမှတ် ပြိုင်ပွဲများအား ဖေဖော်ဝါရီ လ ၁ ရက်
နေ့မှ စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ များတွင် ဆုရရှိသူများကို ဖေဖော်ဝါရီ ၁၃ ရက်တွင်
ထိုက်တန်စွာဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူး ချုပ်များဖြစ်သော ဦးစိုးကြည်နှင့် ဦးစိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ညွှန်ကြားရေးမှူးများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment