နန္ဒာဝင်း၊ ဟန်နီဝင်း
စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများ ဝင်ရောက်လာခြင်း၊ တရားမဝင် ကုန်ပစ္စည်းဝင်ရောက်မှုကြောင့်
ကုန်သွယ် မှုကျဆင်းလာခြင်းတို့ ဖြစ်ပေါ်လာသည့်အတွက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဗဟိုကော်မတီ
(Mobile Team) ကို ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဖွဲ့စည်းခဲ့ပြီး ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုအဖွဲ့၏ စစ်ဆေးမှုအကျိုးရလဒ်အနေဖြင့် တရားမဝင် ကုန်သွယ်မှုကြောင့် နိုင်ငံတော်မှ
ဆုံးရှုံးနေသည့် အခွန်ငွေများတိုး တက်ရရှိလာသကဲ့သို့ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများလည်း
ဈေးကွက် အတွင်း မျှတသည့် ယှဉ်ပြိုင်မှုများ ရရှိလာတော့မည်ဖြစ်သည်။ Mobile Team လုပ်ငန်းဆောင်ရွက်မှု
အခြေအနေနှင့်ပတ်သက်၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးညွန့်အောင်အား သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။
မေး။ ။ ၂ဝ၁၂ ခုနှစ်မှာ တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအတွက် Mobile
Team ဆိုပြီး ဖွဲ့စည်းဆောင်ရွက်လာခဲ့တယ်။ အဲဒီလို ဖွဲ့စည်းဖြစ်ခဲ့ပုံကို ပြောပြပေးပါဦး။
ဖြေ။ ။ အရင်က မူဆယ်-မန္တလေးလမ်းကြောင်းပေါ် မှာဆိုရင် ရေပူကုန်ပစ္စည်းစစ်ဆေးရေးဂိတ်၊
မြဝတီ-ရန်ကုန် လမ်းကြောင်းဆိုရင် မရမ်းချောင်စစ်ဆေး ရေးဂိတ်ဆိုပြီး၊ ကန့်သတ်ကုန်စစ်ဆေးရေးစခန်းဆိုပြီး
စစ်ဆေးရေးစခန်း နှစ်ခုရှိပါတယ်။ အစိုးရသစ် တက်လာ ပြီးနောက်ပိုင်း ဖြေလျှော့မှုများစွာကို
ဆောင်ရွက်ခဲ့ပါ တယ်။ အဲဒီ စစ်ဆေးရေးဂိတ်တွေ ကို ဖြေလျှော့မှုတစ်ရပ် အနေနဲ့ ဒီစစ်ဆေးရေးဂိတ်နှစ်ခုကို
ဖြုတ်သိမ်းပေးခဲ့ပါ တယ်။ ဖြုတ်သိမ်းပေးပြီးတဲ့နောက်ပိုင်း တရားမဝင် ကုန်သွယ်မှုများပြားလာတဲ့အတွက်ကြောင့်
ကုန်သွယ်မှု ကျဆင်းသွားခဲ့ပါတယ်။
နောက်တစ်ချက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ တော်သမ္မတဆီကို တရားမဝင်ခိုးထုတ်နေတဲ့
ကုန်သွယ်မှု တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ထိထိရောက်ရောက်
အရေးယူပေးဖို့ သဝဏ်လွှာပေးပို့ပါတယ်။ အဲဒီအတွက် နိုင်ငံတော် သမ္မတ က ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ
၁၂ ရက်မှာ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဗဟိုကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
မေး။ ။ Mobile Team ဖွဲ့စည်းဆောင်ရွက်ပြီးနောက် ပိုင်းမှာ အများဆုံး ဖမ်းဆီးရမိခဲ့တဲ့ကုန်ပစ္စည်း
တွေကိုသိပါရစေ။
ဖြေ။ ။ လုပ်ငန်းကို ၂ဝ၁၂ ခုနှစ်ကုန်ပိုင်းမှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။ အခု ၂ဝ၁၅
ခုနှစ် ဇန်နဝါရီလ ကုန်အထိဆိုရင် ခန့်မှန်းတန်ဖိုး စုစုပေါင်းကျပ် ဘီလီယံ ၃ဝ ကျော်ရှိပါတယ်။
အများဆုံးအမှုကတော့ ကျောက်စိမ်းဖြစ်ပါတယ်။ သယ်ဆောင် တဲ့ယာဉ် အပါအဝင် တန်ဖိုးအများဆုံးဖြစ်ပါတယ်။
ဒုတိယက သစ်တောထွက် ပစ္စည်းတွေဖြစ်ပါတယ်။ တတိယက ယာဉ်နဲ့ယာဉ်အပို ပစ္စည်းတွေ မော်တော်ဆိုင်ကယ်
တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ ဖြစ်စဉ်မှာဆိုရင် အမိုးနီးယားနိုက် ထရိတ်
(ammonia nitrate) နဲ့ လျှပ်စစ်ပစ္စည်းဆိုင်ရာတွေ ဖမ်းဆီးရရှိခဲ့ပါတယ်။ အခွန်နှုန်းထား
နည်းတဲ့ အရာတွေကို ပုံမှားရိုက်ပြီး တင်သွင်းတာ မျိုးတွေ၊ အမယ်လွဲတာ၊ အပိုတင် ဆောင်တာမျိုးတွေ၊
သိုဝှက်သယ်ဆောင်တာမျိုးတွေရှိ တယ်။ စခန်းတွေကလည်း Risk Management နဲ့ ကားအစီးတစ်ရာလာရင်
ကားအစီးတစ်ရာလုံးကိုစစ်ဆေး တာမျိုးမဟုတ်ဘဲ 1-3-6 မဲစနစ်နဲ့ စစ်ဆေးတာဖြစ်ပါတယ်။(1) က
အနီဖြစ်ပြီးအကုန်ချ စစ်တာဖြစ်တယ်။(3) က အဝါ X-ray ဖြတ် စစ်တာဖြစ်ပါတယ်။ (6) ကအစိမ်း
အကုန် လွတ်တာဖြစ်တယ်။ အချို့က အခွန်နှုန်း ထားနည်းတဲ့ ရေသန့်လိုအရာကိုပြပြီး များတဲ့အချိုရည်တင်တာတွေ
ရှိသလို ဘိလပ်မြေကို ဓာတ်မြေသြဇာအိတ်စွပ်ပြီး တင်သွင်း လာတာမျိုးတွေရှိတယ်။ အဲလိုအရာတွေကို
အကောက်ခွန် ဦးစီးဌာနနဲ့ ညှိနှိုင်းဖော်ထုတ်ခဲ့ရတာတွေရှိပါတယ်။
မေး။ ။ လက်ရှိမှာ အရေးယူဆောင်ရွက်နေတဲ့ အမှု တွေရှိရင်လည်း သိချင်ပါတယ်။
ဖြေ။ ။ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့
ရန်ကုန် တိုင်းဒေသကြီးမှာ ဆိုရင် နိုင်ငံတကာဆိပ်ကမ်းငါးခုရှိ ပါတယ်။ ပြည်တွင်းကမ်းရိုးတန်းသွား
ဆိပ်ကမ်းငါးခု၊ စက်သုံးဆီတင်သွင်းမှုနဲ့ပတ်သက်ပြီး စိစစ်တာရှိပါတယ်။ ရန်ကုန်လေဆိပ်မှာဆိုရင်
ကုန်ပစ္စည်းတင်သွင်းတာနဲ့ ပတ် သက်ပြီး စိစစ်တာရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ဆိုရင်
ဂေါဝိန်ဆိပ်၊ တံတားဦး လေဆိပ်တွေမှာ စစ်ဆေး နေတာရှိပါတယ်။ နောက်တစ်ခုက မူဆယ်-မန္တလေးလမ်း
ကြောင်းမှာ နောင်ချိုမှာဆိုရင် Mobile Team လှုပ်ရှား(၁)ဆိုပြီး ထားပါတယ်။ မြဝတီ-ရန်ကုန်
လမ်းကြောင်းမှာဆိုရင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှာ ညောင်ခါးရှည် လှုပ်ရှား (၂)ဆိုပြီးထားရှိပါတယ်။
တာချီလိတ်မှာရှောင်ကွင်းလမ်း လေးနေရာ ဆိုပြီး ဆောင်ရွက်နေတာရှိပါတယ်။ ကျိုင်းတုံ မှာလည်း
တစ်ခုထားပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ နယ်စပ် ကုန်သွယ်ရေး စခန်းတွေရဲ့ ပတ်ဝန်းကျင်ရှောင်
ကွင်းလမ်းတွေကို ထိန်းချုပ်ထားပါတယ်။ အရေးယူမှုအပိုင်း အနေနဲ့ ပို့ကုန်သွင်းကုန် ၂ဝ၁၂
ဥပဒေနဲ့အညီ ဆောင်ရွက် နေပါတယ်။ ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေ ဆိုပြီး အရေးယူမှု အပိုင်းနှစ်ပိုင်းရှိပါတယ်။
မူးယစ် ဆေးဝါးတို့ လက်နက်ခဲယမ်းတို့ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွှဲပြောင်းပြီး
အရေးယူ ဆောင်ရွက်ရပါတယ်။ ကျောက်စိမ်း ဆိုရင် သတ္တုတွင်း ဝန်ကြီးဌာန၊ သစ်ဆိုရင် သစ်တောဦးစီး
ဌာန၊ အခြားကုန်ပစ္စည်းတွေဆိုရင် အကောက်ခွန်ဦးစီးဌာန ဆိုပြီး လွှဲပြောင်းအရေးယူဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ Mobile Team တွေမှာ အားနည်းချက်တွေ ရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ။ အားနည်းချက်က ကျွန်တော်တို့နဲ့ဆိုရင် ကုန်းတွင်းနယ်နိမိတ်ချင်းထိစပ်မှုဟာ
ရှည်လျား ပါတယ်။ တရားဝင်ဂိတ်ကနေပြီး ဝင်ထွက်လုပ်ဖို့ကို နှစ်နိုင်ငံညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတွေ
ဂိတ် တွေကနေ ဖွင့်ပေးထားပါတယ်။ ဒါပေမယ့် တရားမဝင် မှောင်ခိုလုပ်ချင်တဲ့သူတွေက ခြံစည်းရိုးမရှိတဲ့အတွက်
ကြောင့် ရှောင်ကွင်းလမ်းတွေကနေ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ပြီး နည်းလမ်းမျိုးစုံနဲ့
နိုင်ငံအတွင်းကို စီးဝင် နေတာဖြစ်ပါတယ်။ ရှိတဲ့အင်အားနဲ့ဆောင်ရွက်ရတာဖြစ် တယ်။ ပြီးတော့
အခြေခံအဆောက်အအုံတွေ မလုံလောက် တဲ့အတွက် အားနည်းချက်ကတော့ရှိပါတယ်။ ရာနှုန်းပြည့် တော့
မဆောင်ရွက်နိုင်သေးပါဘူး၊ Mobile Team တွေ ထားရှိတဲ့နေရာတွေမှာတော့ ထိထိရောက်ရောက်နဲ့
ဆောင်ရွက်တာဖြစ်ပါတယ်။
မေး။ ။ တရားမဝင်ကုန်သွယ်သူတွေဘက်က ညှိနှိုင်းမှု တွေ လုပ်လာတာရောရှိပါသလား။
ဖြေ။ ။ တစ်ဖက်မှောင်ခိုတွေအနေနဲ့ ညှိနှိုင်းတာတွေ လုပ်လာနိုင်တဲ့အနေအထားရှိတယ်။
လုပ်လည်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဝန်ထမ်းတွေကို နေ့တွက်စရိတ်အနေနဲ့ငွေကျပ်
၅ဝဝဝ ထုတ်ပေးပြီး လာဘ်ပေးလာဘ်ယူမှု နည်းနိုင်သမျှနည်းအောင် စီစဉ် ဆောင်ရွက်နေပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အတတ်နိုင်ဆုံး Check and
Balance ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့မှာ စီးပွား ကူးသန်း၊ အကောက်ခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
မြို့နယ် အထောက်အကူပြုအဖွဲ့၊ ကုန်သည်အသင်းနဲ့ မီဒီယာ ရယ်ဆိုပြီး အဖွဲ့ခြောက်ဖွဲ့နဲ့
ဆောင်ရွက်တဲ့အတွက် ညှိမယ် နှိုင်းမယ်ဆိုရင် အခုမပေါ်တောင် နောက်ပြန်ပေါ်မယ့် အနေအထားရှိပါတယ်။
လတ်တလောမှာတော့ လာဘ်ပေး လာဘ်ယူမှုနည်းပါးတာကို တွေ့ရပါတယ်။
မေး။ ။ ပြည်သူတွေက ချယ်ရီဦးနာရီကိစ္စတွေ၊ စမနာငက်ာသသိ ကိစ္စတွေနဲ့ပတ်သက်ပြီး
သိချင်နေကြ ပါတယ်။
ဖြေ။ ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တရားဝင်လိုင်စင်နဲ့ ချယ်ရီဦးက နာရီတွေ
တင်သွင်းလာပါတယ်။ import declaration စာရွက်နဲ့ မြေပြင်စစ်ဆေးတွေ့ရှိမှုမှာ ကွဲလွဲတဲ့အတွက်
လတ်တလောမှာ အကောက်ခွန်ဦးစီးဌာနကနေ စစ်ဆေးလျက်ရှိပါတယ်။ ဒဏ်ကြေးရိုက်ပြီး ကျသင့်တဲ့အခွန်ကို
ဆောင်လိုက်ရင် ထုတ်ယူလို့ရပါတယ်။ premium food နဲ့ ပတ်သက်ရင် တားဆီးထားတာတွေရှိပါတယ်။
လတ်တလောမှာ သက် ဆိုင်ရာရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်ဆဲဖြစ်ပါတယ်။ မပြီးပြတ်သေးဘူးလို့
သိရပါတယ်။
မေ။ ။ Mobile Team အဖွဲ့ရဲ့ စစ်ဆေးဆောင်ရွက်ပြီး တဲ့နောက် ကုန်သွယ်မှုတိုးတက်လာတယ်လို့
လည်း သိရပါတယ်။ အဲဒါကိုလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်နဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ပြန်ပြီးနှိုင်းယှဉ်ရင် အစိုးရသစ်
တက်လာပြီး နောက်ပိုင်း ကျွန်တော်တို့ကုန်သွယ်မှုက အမေ ရိကန်ဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံလောက်
တက်လာတာ တွေ့ရပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံတက်တဲ့အတွက်
တက်တဲ့ နှုန်းက နည်းတာတွေ့ရပါတယ်။ ဘာလို့ ဒီလိုနည်းတာလဲလို့ စစ်ဆေးလိုက်တဲ့အခါ ဖြေလျှော့မှုများပြီး
Check and Balance မရှိတာကို တွေ့ရတယ်။ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးပြီးနောက်ပိုင်း
Moblile Team က နေရာ တော်တော်များများမှာ ထိန်းချုပ်နိုင်တဲ့အတွက် ကုန်သွယ် မှုပမာဏ
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှာ ၂၅ ဘီလီယံ နီးပါး တက်လာတာကိုတွေ့ရပါတယ်။ တရားမဝင် ကုန် သွယ်မှုတွေက
တရားဝင် လမ်းကြောင်း ပေါ်တက်လာတဲ့ အတွက် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံ လောက်
ကုန်သွယ်မှု တက်လာ ခဲ့ပါတယ်။ နိုင်ငံတော်က ဆုံးရှုံးခဲ့တဲ့ အခွန်ငွေတွေလည်း ပြန်ရလာခဲ့တယ်။
နောက် တစ်ခုက ပြည်တွင်း အသေးစားနဲ့ အလတ်စားစီးပွား ရေးလုပ်ငန်းတွေလည်း ဈေးကွက်ပြန်ပြီး
ရလာခဲ့ပါတယ်။ ခြင်ဆေးခွေ၊ ကလေးတွေစားတဲ့ အစပ်ချောင်းတွေ အပါ အဝင် စားသုံးဖို့မသင့်တဲ့
အစားအစာသန်းပေါင်း ၁၂ဝဝ နီးပါးလောက် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
မေး။ ။ Mobile Team တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မကျေနပ်လို့ တိုင်ကြားချင်တာ
တွေရှိရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမယ်ဆိုတာကို လည်း ပြောပြပေးပါဦး။
ဖြေ။ ။ Mobile Team တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မကျေနပ်လို့ တိုင်ကြားချင်ရင်
တိုင်ကြားလို့ရတဲ့ ဖုန်းနံပါတ်တွေကို ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ Mobile Team အဖွဲ့တွေရဲ့
လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်ပြီး တိုင်ကြားနိုင်သလို တရားမဝင် ကုန် သွယ်မှုတွေနဲ့ပတ်သက်ပြီး
အသိပေးခဲ့မယ်ဆိုရင် အရေးယူ ဆောင်ရွက်မှာဖြစ်ပါတယ်။
မေး။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြော ကြားနိုင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ အင်အား ၆၅ဝ လောက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အခက်အခဲလေးတွေတော့ ရှိပါတယ်။ အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှုဇုန်၊
အာဆီယံ စီးပွား ရေးအသိုက်အဝန်းတွေကို ဆောင်ရွက်တော့မှာဖြစ်တဲ့ အတွက် နိုင်ငံတော်ကလည်း
ဖြေလျှော့မှုတွေကို ဒေသ တွင်းသာမက နိုင်ငံတကာအဆင့်နဲ့ကိုက်ညီအောင် အဆင့် ဆင့် ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်။
မတော်လောဘ ရှိတဲ့သူတွေလည်း ရှိနေမှာဖြစ်တဲ့အတွက် သူတို့ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင်
ဆောင်ရွက်ရမှာဖြစ် တယ်။ ဒါ့ကြောင့် အားလုံးပူးပေါင်းပါဝင်မှ တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဟာ
အထိုက်အလျောက် အောင်မြင်မှာဖြစ်ပါတယ်။
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး
တရားမဝင် ကုန်သွယ်ရေးတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကို ဖွဲ့ စည်းခဲ့သည်။ ထိုကော်မတီတွင်
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး
အဖွဲ့ဝင်ဦးရေ ၂ဝ ပါဝင်သည်။ တရားမဝင် ကုန်သွယ်မှုတားဆီးရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးအတွက်
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မန္တလေး- မူဆယ်လမ်းကြောင်းပေါ် ရှိ အေးရှားဝေါလ်တိုးဂိတ်အနီးတွင်လည်း
တရားမဝင် ကျောက်စိမ်းတင်ဆောင်လာသည့် ယာဉ်အား စစ်ဆေး တွေ့ရှိသဖြင့် အကောက်ခွန်ဦးစီးဌာနသို့
အပ်နှံအရေးယူ ခဲ့သည်။
No comments:
Post a Comment