နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၁၀
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပြုလုပ်သည့်
(၁၂)ကြိမ် မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th
ACDFIM)သို့ တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့်အတူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်တွန်ရာဇတ်
အား ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မလေးရှားဝန်ကြီးချုပ်ရုံး နားနေခန်း၌
သွားရောက်တွေ့ဆုံ သည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်ကြပြီး
မလေးရှားဝန်ကြီးချုပ် နာဂျစ်တွန်ရာဇတ်နှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန် ရှိသူများ
တက်ရောက်ကာ အာဆီယံဒေသတွင်းဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် မလေးရှားဝန်ကြီးချုပ်နှင့်
အာဆီယံတပ်မတော် ကာကွယ် ရေးဦးစီးချုပ်များသည် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment