Monday, February 9, 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆန္ဒပြ ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန် သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၄  / ၂၀၁၅ )
၂၀၁၅ ခုနှစ်၊  ဖေဖော်ဝါရီလ      ၉    ရက်
၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော်    ၆     ရက်
၁။ နိုင်ငံတော်အစိုးရသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဆန္ဒပြ ကျောင်းသား ကျောင်းသူ အစစ်အမှန်များ ဘေးအန္တရာယ် မဖြစ်စေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

၂။ ဆန္ဒပြကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှု မဆုံးရှုံးစေရန်အတွက် မိမိတို့ ကျောင်းများသို့ ပြန်၍ အေးချမ်းစွာ ပညာသင်ကြားကြရန်နှင့် ဆန္ဒပြရာတွင် လိုက်ပါ သွားသည့် မိမိတို့ သားငယ် သမီးငယ်များအား ပြန်လည်ခေါ်ယူကြပါရန် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ၇-၂-၂၀၁၅ ရက်နေ့တွင် ကျောင်းသား မိဘများသို့ ပန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
၃။ ကျောင်းသား ကျောင်းသူများ၏ စစ်မှန်သော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ၎င်းတို့ တောင်းဆိုသော အချက် (၁၁) ချက်ကို အခြေခံပြီး ကျင်းပမည့် လေးပွင့်ဆိုင် ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် NNER ကိုယ်စားလှယ်များ ပါဝင်သည့် ဒုတိယအကြိမ် အကြို ဆွေးနွေးပွဲကို ၉-၂-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။
၎။ လေးပွင့်ဆိုင်ဆွေးနွေးမှုမှ ရရှိသည့် သဘောတူညီချက်များအား ပညာရေးဝန်ကြီးဌာနမှ လွှတ်တော်သို့ ပြန်လည်တင်ပြမည့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။
၅။ ကျောင်းသား ကျောင်းသူများအပိုင်းမှလည်း ၂၈-၁-၂၀၁၅ ရက်နေ့တွင် မိမိတို့ လက်မှတ်ရေးထိုး ပေးထားသည့် ကတိကဝတ်အတိုင်း ဆန္ဒပြမှုများအား ရပ်ဆိုင်းကြရန် ဖြစ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

No comments:

Post a Comment