ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်
အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်ချုပ်ကျော်ညွန့် က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန နှင့်
ဆားဗီးယားသမ္မတနိုင်ငံ တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရာတွင် အခြေခံသဘောတရားများနှင့်
လုပ်ထုံးလုပ်နည်း ၊ စည်းမျဉ်း စည်းကမ်းများ ချမှတ်ရန်နှင့် တန်းတူရည်တူရှိမှု၊ အပြန်အလှန်အကျိုးစီးပွားရှိမှု
သဘောတရားများအပေါ် အခြေခံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်ပါကြောင်း၊ လက်မှတ်ရေးထိုးရန်
နှစ်နိုင်ငံသဘော တူညီမှု ရရှိထားပြီး ဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း သဘောတူညီထား
ပြီးဖြစ်ပါကြောင်း၊ လက်မှတ် ရေးထိုးခြင်းဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒ၊ စစ်ဘက်စီး
ပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ စစ်ဘက် ဆိုင်ရာပညာရေးနှင့် သင်တန်းများ၊ စစ်ဘက်ဆိုင်
ရာဆေးပညာရပ်နှင့် တိရစ္ဆာန်ဆေးကုသမှုသိပ္ပံ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်နိုင်ခြင်းနှင့်
နှစ်နိုင်ငံအခွင့်ရ အာဏာပိုင်များက သဘောတူသည့် အပြန် အလှန် အကျိုးစီးပွားဖော်ဆောင်ရေးဆိုင်ရာ
အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်းဖြင့်
ရှင်းလင်းတင်ပြရာ လွှတ်တော်က အတည်ပြုသည်။
တရုတ်ပို့ကုန်သွင်းကုန်ဘဏ် မှ အမေရိကန်ဒေါ်လာ
သန်း ၃၀၀ ချေးယူခွင့် နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဆင်းရဲနွမ်းပါးမှုကို
၁၆ ရာခိုင်နှုန်းသို့ လျော့ကျစေရေးအတွက်လည်းကောင်း၊ တောင်သူ လယ်သမားများနှင့် ပြည် သူလူထု၏
ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဒေါ်လာသန်း (၃၀၀) နောက်ထပ် ချေးယူပြီး ကျပ်တစ်သိန်းမှ ၅ သိန်းထိထုတ်ပေးရန်ရည်ရွယ်ချက်သည်
ကောင်းမွန် ပါကြောင်း၊ သို့သော် လယ်သမားများအားငွေထုတ်ချေးရုံဖြင့် ၄င်းတို့၏ဘ၀အ ခက်အခဲများ
လုံးဝပြည့်စုံသည်ဟု မဆိုနိုင်ပါကြောင်းဖြင့်ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်၏
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကြိုးပမ်းရာတွင် ပြည်သူများ လိုအပ်နေသည်မှာ ငွေကြေးအရင်းအနှီးဖြစ်ပါကြောင်း၊
မွေးမြူ ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးသွင်းအားစုများဝယ်
ယူရန် ရင်းနှီးငွေများအားလုံးသည် သမ၀ါယမနှင့် မကင်းပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊
လူမှုစီးပွားမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် သမ၀ါယမကဏ္ဍ ထိရောက်အောင်မြင်အောင်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုး တက်လာရေး အတွက် သမ၀ါယမစီးပွားရေးလုပ်ငန်းများဖြင့်
တစ်ဖက်တစ်လမ်းမှ အမှန် တကယ် အထောက်အကူပြုလျက်ရှိပါကြောင်း၊ အရင်းအနှီးမပြည့်စုံသေးမီကာလတွင်
ပြည်ပချေး ငွေများခွင့်ပြု ပေးခြင်းဖြင့် ပြည်သူများကို အကျိုးပြုစေမည်ဖြစ်ပါကြောင်းဖြင့်
ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်
က တောင်သူများနှင့် အခြေခံလူတန်း စားတို့၏ ဘ၀မြှင့်တင်လိုခြင်းသည် အပူပင်ကင်းစွာဖြင့်
ဘ၀ဖြတ်သန်းမှုကို ရရှိစေလိုခြင်း ဖြစ်ပါကြောင်း၊ ချေးငွေပေးခြင်းကို ထိရောက်သည့် ပညာပေးနည်းလမ်းများ
အချိန်ယူ၍ ကြိုတင်စီစဉ်မှုစီမံချက်ချ၍ ကျယ် ကျယ်ပြန့်ပြန့် မဆောင်ရွက်ဘဲ ဖြတ်လမ်းနည်းဖြင့်
ငွေ ချေးရုံသက်သက်ဆောင်ရွက်မည်ဆိုလျင် မှန်ကန်စွာ အသုံးချတတ်သူများ အကျိုးများနိုင်
သကဲ့သို့ အသုံးမချတတ်သူများအတွက် အန္တရာယ်ရှိနိုင်ပါကြောင်းဖြင့် ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး
က စီးပွားရေးအရ သမ၀ါယမစနစ်ကို အောင်မြင်ရှင် သန်အောင်ဆောင်ရွက်ခြင်းမူဝါဒသည် အလွန်သင့်လျော်ပါကြောင်း၊
သမ၀ါ ယမလှုပ်ရှားမှုများကို အချမ်းသာဆုံး နိုင်ငံများတွင် ရှင်သန်နေကြသည်ကို တွေ့မြင်နိုင်ပါ
ကြောင်း၊ ဆင်းရဲနွမ်းပါး မှုလျော့ကျရေးဆောင်ရွက်မည်ဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း ဖြင့်ဆွေးနွေးသည်။
ကိုယ်စားလှယ် မန်းကံညွန့် က ချေးငွေဖြင့်
ပြည်သူများအား အတိုးနှုန်းသက်သာစွာ ချေးပေးသည့်အတွက် တိုက်ရိုက်အကျိုးပြုခြင်း၊ ဆင်းရဲမှုလျှော့ချရေးအတွက်
တိုက်ရိုက် အကျိုးပြုခြင်း၊ ကျေးလက်ဒေသရှိ ပြည်သူများအား လူမှုစီးပွားမြှင့်တင်ပေးနိုင်ခြင်း၊
ကျေးလက်နေပြည်သူများအတွက် ရင်းနှီး မတည်ငွေ များရရှိခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ပေးနိုင်ခြင်း၊
ပြည်သူတို့၏ နေ့စဉ်စား ၀တ်နေရေးအတွက် အရင်းအနှီးရရှိခြင်းတို့ကြောင့် ထောက်ခံဆွေးနွေးရခြင်းဖြစ်ပါကြောင်းဖြင့်
ဆွေးနွေးသည်။
ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ သမ၀ါယမ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က ပြည်ပချေး ငွေနှင့် နိုင်ငံတော်၏၀င်ငွေအချိုးသည်
၃၀ ရာနှုန်းအောက် တွင်ရှိလျှင် ချေးငွေကိုဆပ်နိုင်သည့်အခြေအနေရှိပြီး နိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးမရှိ
ကြောင်းကို နိုင်ငံတကာမှသတ်မှတ်ထားပါကြောင်း၊ နောက်ထပ် ဒေါ်လာသန်း (၃၀၀) ချေးယူယုံဖြင့်
တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်သည်ကို ပြောကြားလိုပါကြောင်း၊ ကျွေးမြီ ခံနိုင်ရည်
ရှိမရှိနှင့် ပတ်သက်၍လည်း ပြည်ပကျွေးမြီဆိုင်ရာအညွှန်းကိန်းသတ်မှတ် ထားသည့် အောက်တွင်
ရှိသည့် အတွက် ကျွေးမြီခံနိုင်ရည်ရှိပြီးဝန်ထုပ်ဝန်ပိုးမဖြစ်သည်ကို ထုတ်ပြန်ခဲ့ သည်ကိုတွေ့
ရှိရမည်ဖြစ် ပါကြောင်း၊ နိုင်ငံတော်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်အသုံးပြုသည့်
ကျွေးမြီများသည် နိုင်ငံတော်မှပြန်ဆပ်ရမည်ဖြစ်ပါကြောင်း၊ ယခု ချေးယူမည့် ဒေါ်လာသန်း
(၃၀၀)သည် နိုင်ငံတော်မှတိုက်ရိုက်ပေးဆပ်ရမည့်အကြွေးမ ဟုတ်ပါကြောင်း၊ သမ၀ါယမအသင်းသားများနှင့်
သမ၀ါယမအသင်းများက ဆပ်ရမည်ဖြစ် သည့် ၀န်ပေါ့ဖြစ်ပြီး ၀န်ထုပ်ဝန်ပိုးမဖြစ်ပါကြောင်း၊
Exchange Rate နှင့် ပတ်သက်၍ လည်း ကာနိုင်ရန်နှင့် ခံနိုင်ရည်ရှိရန် ဆောင်ရွက်ထားပါကြောင်း၊
ငွေကျပ် တစ်သိန်းမှ ငါးသိန်း အထိ ထုတ်ချေးမည့် အစီအစဉ်အတွက်လည်း လူတိုင်းအားထုတ်ချေးမည်မဟုတ်
ဘဲ လုပ်ငန်း အခြေအနေအရ ထပ်မံထုတ်ချေးသင့်သူများကိုသာ ထပ်မံထုတ်ချေးသွားမည် ဖြစ်ပါကြောင်း
ရှင်းလင်းပြောကြားသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်
က သမ၀န်ကြီးဌာ၏ ချေးငွေသည် သမ၀ါယမ၀န်ကြီးဌာန၏ အစီအမံများအရ အကောင်အထည်ဖော်မည့် ၀န်ကြီးဌာန၏
လိုအပ်ချက်အရ ရယူမည့်ချေးငွေဖြစ်ပါကြောင်း၊ ချေးငွေနှင့်ပတ်သက်၍ သမ၀ါယမ၀န်ကြီးအနေဖြင့်
ချေးငွေချေး မည့်အစီ အမံများ၊ တာဝန်ယူပြန်လည်ပေးဆပ် မည့်အစီအမံများ၊ ချေးငွေမဆုံးရှုံး
ရန်ဆောင်ရွက်မည့်အစီအမံများကို လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်
မိမိနိုင်ငံအတွက် အကျိုးမြန်မြန် ဖြစ်ထွန်းစေ မည့်ကိစ္စရပ်များ၊ ပြန်ရချက်ကောင်းမည့်ကိစ္စရပ်များတွင်
စီးပွားရေးဆိုင်ရာချေးငွေကို ရယူ ဆောင်ရွက် တတ်ကြပါကြောင်း၊ ချေးငွေရယူမည့် ၀န်ကြီးဌာနတိုင်းသည်
ချေးငွေနှင့် အကောင် အထည်ဖော် မည့်စီမံကိန်းတိုင်း၊ လုပ်ငန်းတိုင်းအားဆုံးရှုံးလေလွင့်မှုမရှိစေဘဲ
အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန်တာဝန်ရှိပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
အမျိုသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်း က သမ၀ါယမ၀န်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စီမံကိန်း ရည်မှန်းချက်လုပ်ငန်းစဉ်များ၊
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် လုပ်ငန်းစဉ် များတွင် ပြည်သူများလိုအပ်လျှက်ရှိသည့်
အရင်းအနှီးရရှိစေမည့် အသေးစားချေးငွေလုပ် ငန်းများဆောင်ရွက်ပေးခြင်းများသည် စီမံကိန်းတွင်ပါရှိသည့်
ကိစ္စရပ်များဖြစ်ပါကြောင်း၊ ပြည်သူများအတွက်အသေးစားချေးငွေလုပ်ငန်းများဆောင်ရွက်ပေးခြင်းသည်
အမှန်တ ကယ်ကောင်းမွန် လိုအပ်သည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ သမ၀ါယမ၀န်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား
၊ သမ၀ါယမအသင်း သားများပြည် သူများလူမှုဘ၀ဖွံ့ဖြိုးရန် ချေးငွေ ရယူဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊
ချေးငွေရယူပြီး ချေးငွေပြန် ဆပ်သည့် အသိစိတ်ဓတ် ၀င်ရန်၊ စုတတ်ဆောင်းတတ်၊ စနစ်တကျအသုံးပြုတတ်ရန်
အဆင့် ဆင့်ကြီးကြပ်ကွပ်ကဲ သွားမည်ဟု သမ၀ါယမ၀န်ကြီးဌာနမှ မှတ်ချက်ပြုထားပါကြောင်း၊ ပြည်သူများ၏
လိုအပ်သည့်ကိစ္စရပ်ဖြစ်ပြီး စီမံကိန်းတွင်လည်းပါရှိသည့်ကိစ္စရပ်ဖြစ်သည့်အတွက် ထောက်ခံအပ်ကြောင်းဖြင့် ရှင်းလင်းဆွေးနွေးပြီး တရုတ်ပို့ကုန်သွင်းကုန်ဘဏ်
မှ အမေရိကန်ဒေါ်လာ သန်း (၃၀၀) ချေးယူခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုသည်။
ထို့နောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏
မူနှင့် အခြေခံသဘောအပါအ၀င် စီမံကိန်းလုပ်ငန်းများဆွေးနွေးခြင်းနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ
၂၆ ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

No comments:
Post a Comment