ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် ဧပြီလ ၂၆ ရက်နေ့ နံနက်
၉ နာရီ ၃၀ မိနစ် အချိန်က တောင်သူများပိုင် မြေယာ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ စီတန်း
လှည့်လည် ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စုရပ်ဖြစ်သော ကျွဲကုန်းကျေးရွာအုပ်စု၊
မွေတော်ကျေးရွာမှ တဆင့် မွေးမြူရေးဇုံကို တစ်ပတ်ပတ်ပြီး စီတန်းလှည့်လည် ကြွေးကြော်မှုများ
ဆောင်ရွက်ခဲ့သည်။ ယင်းနောက် နံနက် (၁၁) နာရီ အချိန်တွင် ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်၊
ပြိန်းနင်သို့ ဝင်ရောက်ခဲ့ပြီး မြို့တွင်းတွင် လှည့်လည်သဘောထား ထုတ်ဖော်ခဲ့ကြကြောင်း၊
စီတန်းလှည့်လည် ဟောပြောခြင်းကို ကျားဖြူပါတီမှ ဦးဆောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့်
လူဦးရေ ၅၀၀ ရှိကြောင်း၊ နေလည် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် စီတန်းလှည့်လည်မှု
ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment