ဝါရှင်တန်၊
ဧပြီ ၂၆
အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် အီးယူထိပ်တန်းခေါင်းဆောင်များသည်
ရုရှနိုင်ငံအား အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း
အမေရိကန် အာဏာပိုင်များက ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အဆိုပါ ပိတ်ဆို့မှုများကို
လာမည့် ရက်အနည်းငယ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အီးယူနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် သမ္မတအိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ်
ဒေးဗစ်ကင်မရွန်၊ ပြင်သစ်သမ္မတ ဖရန်ဆွားဟော်လန်၊ အီတလီဝန်ကြီးချုပ်
မတ်တီရိုရန်ဇီတို့နဲ့ အဆိုပါပိတ်ဆို့မှုအရေး ဆွေးနွေးသွားမှာဖြစ်ကြောင်း
ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ပြောဆိုခဲ့သည်။
မိမိတို့အနေဖြင့် ဥရောပနိုင်ငံများနဲ့အတူ လက်တွဲပူးပေါင်းကာ
လုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူ Jen Psaki က သတင်းထောက်များအား ပြောကြားခဲ့သည်။
ယခုချမှတ်မည့် ပိတ်ဆို့မှုများသည် တတိယအကြိမ်မြောက်ဖြစ်သည်။ အမေရိကန်နှင့်
ဥရောပအာဏာပိုင်များသည် ခရိုင်းမီးယားရှိ ခွဲထွက်သူခေါင်းဆောင်များအပါအ၀င် ၁၂ ဦးကျော်ကို
အမည်မည်းစာရင်းသို့ ထည့်သွင်းထားပြီး ဖြစ်သည်။
No comments:
Post a Comment