နေပြည်တော်
ဧပြီ ၂၈
ပြည်ထောင်စု
သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တရုတ် ပြည်သူ့ သမ္မတ
နိုင်ငံ တရုတ် ကွန်မြူနစ် ပါတီ၊ ယူနန် ပြည်နယ် ကော်မတီ ဒုတိယ အတွင်း ရေးမှူး မစ္စတာချိုးဟေ
ဦးဆောင် သော ကိုယ်စား လှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်
သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တက်ရောက်
ထိုသို့ တွေ့ဆုံ ရာတွင် ဒုတိယ သမ္မတနှင့်အတူ
ဒုတိယဝန်ကြီး ဦးသန့် ကျော်နှင့် ဒေါက်တာ ပွင့်ဆန်း တို့ တက်ရောက် ကြသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာ နိုင်ငံနှင့် ယူနန်
ပြည်နယ်တို့ ပူးပေါင်း ဆောင်ရွက် လျက်ရှိ သည့် စီးပွားရေး လုပ်ငန်းများကို တိုးမြှင့်
ဆောင်ရွက် သွားရေး၊ ယူနန် ပြည်နယ်နှင့် ထိစပ်လျက်ရှိ သည့်မြန်မာ နိုင်ငံ၏ ကချင် ပြည်နယ်၊
ရှမ်းပြည်နယ် တို့နှင့် နယ်စပ် တစ်လျှောက် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်
ဆောင်ရွက်ရေး၊ ယင်း ဒေသများ လမ်းပန်း ဆက်သွယ်ရေး ပိုမို ကောင်းမွန် စေရေး အတွက် တိုးမြှင့်
ဆောင်ရွက်ရေး ဆိုင်ရာ များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
No comments:
Post a Comment